Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော် – မုံရွာလမ်းပိုင်း ယနေ့ ယာယီပိတ်ထားဟု အရာတော်(ပကဖ) အသိပေး

အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်မှုများ မကြာခဏ ​ဖြစ်ပွားလေ့ရှိသည်။

အရာတော် - မုံရွာလမ်းပိုင်း ယနေ့ ယာယီပိတ်ထားဟု အရာတော်(ပကဖ) အသိပေး
အရာတော် - မုံရွာလမ်းပိုင်း ယနေ့ ယာယီပိတ်ထားဟု အရာတော်(ပကဖ) အသိပေး

စစ်ကိုင်းတိုင်း၊ အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားနေ၍ ယနေ့သွားလာအသုံးပြုခြင်းမပြုရန် အရာတော် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၅ ရက်)နံနက်ပိုင်းက အရာတော်-မုံရွာလမ်းပေါ်တွင် ကျွန်းဖိုပင်ကျေးရွာတဝိုက်နှင့် လမ်းပေါ်‌နေရာများတွင် စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူလူထု လုံခြုံရေးအတွက် အရာတော် – မုံရွာလမ်းပိုင်းအား ယနေ့(ဒီဇင်ဘာ ၅ရက်) တစ်ရက်တာ အသုံးပြုခြင်း ယာယီရပ်နားထားပေးပါရန် အရာတော်(ပကဖ) အဖွဲ့က သတိ‌ပေးသည်။

သို့သော် မဖြစ်မနေ သွားလာကြရမည့် ပြည်သူ များအနေဖြင့် စစ်ကောင်စီကားများ၊ ယာဉ်တန်းများဖြင့် ကပ်လိုက်ခြင်းမပြုရန်၊ မိုးကာအုပ်၍ မောင်းနှင်ခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်သားများ၏ လှုပ်ရှားမှုများ( ကင်းပုန်းများ၊ ဦးတည်ရွေ့လျားမှုများ၊ ချောဆွဲခံ‌နေရသော ကားနံပါတ် ၊ အမျိုးအစားအရောင် စသည်ဖြင့်)တွေ့ရှိခဲ့ပါက တော်လှန်ရေး ရဲဘော်များထံ သတင်းပေးပို့ခြင်းဖြင့်ကူညီပေးရန် အရာတော်(ပကဖ)က မေတ္တာရပ်ခံထားသည်။

အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်မှုများ မကြာခဏ ​ဖြစ်ပွားလေ့ရှိသည်။

You May Also Like

သတင်း

ဒီးမော့ဆို့မြို့ ၊ကုန်းသာကျေးရွာအတွင်း နယ်မြေများပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီတပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်းလင်းရေးများ ပြန်လည်ပြုလုပ်နေကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်းသို့ နိုဝင်ဘာ ၁၇ရက် မှ၂၇ရက်အထိ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုး ပစ်ခတ်သတ်ဖြတ် မီးရှို့မှုများပြုလုပ်ခဲ့သည်။

သတင်း

ဝက်လက်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များက ရွှေဘိုမြို့နယ်နှင့် လှတောကျေးရွာကြား ရွှေဘို - မန္တလေး လမ်းမကြီးဘေးရှိ ကျေးရွာများအား အင်အားများဖြန့်ကာ ရွာစဉ်ပတ်မွှေနှောက်နေပြီး တော်လှန်ရေး အင်အားစုများနှင့် နေရာစိတ်စိတ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

သတင်း

လမ်းပိတ်ထားစဥ်ကာလအတွင်း ဝင်ထွက်သွားလာခြင်းကို စစ်ဆေးတွေ့ရှိပါက လုံးဝ ခွင့်ပြုမည်မဟုတ်ဘဲ သွားလာနိုင်မည့်ရက်ကို ပြန်လည်အသိပေးမည်ဟု ပါရှိသည်။