Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုဒုံရိရပ်ကွက်ရုံးပေါက်ကွဲမှု ဒဏ်ရာရသူလေးဦးရှိဟုဆို

ပေါက်ကွဲမှုဖြစ်ပြီးသည့်နောက် စစ်ကောင်စီတပ်သည် မြို့မရပ်ကွက်ရုံးအနီးပတ်ဝန်းကျင်၌ နေထိုင်သူဒေသခံများအား ခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု Mudon Information ၏ ဖော်ပြချက်အရ သိရသည်။

မုဒုံရိရပ်ကွက်ရုံးပေါက်ကွဲမှု ဒဏ်ရာရသူလေးဦးရှိဟုဆို
မုဒုံရိရပ်ကွက်ရုံးပေါက်ကွဲမှု ဒဏ်ရာရသူလေးဦးရှိဟုဆို

မွန်ပြည်နယ် မုံဒုံမြို့ စစ်ကောင်စီရပ်ကွက်ရုံးတစ်ခုတွင် ယနေ့နံနက်ပိုင်းက ​ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စာရေးတစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မုဒုံဒေသတွင်း သတင်းများအား ဖော်ပြနေသည့် Mudon Information တွင် ရေးသားထားသည်။

ထိခိုက်မှုအခြေအနေနှင့်ပတ်သက်ပြီး People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိငသးပါ။

ယနေ့ ဒီဇင်ဘာလ(၅)ရက် နံနက်က မုဒုံမြို့ မြို့မ(၂)ရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ စာရေးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးက ဒဏ်ရာပြင်းထန်သည်ဟု ကြားသိရကြောင်း ယင်း Mudon Information တွင် ဖော်ပြထားသည်။

ယင်းပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား မုဒုံဆေးရုံနှင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရပြီး ဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လည်းဆိုတာကိုတော့ လတ်တလောတွင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ပေါက်ကွဲမှုဖြစ်ပြီးသည့်နောက် စစ်ကောင်စီတပ်သည် မြို့မရပ်ကွက်ရုံးအနီးပတ်ဝန်းကျင်၌ နေထိုင်သူဒေသခံများအား ခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု Mudon Information ၏ ဖော်ပြချက်အရ သိရသည်။

You May Also Like

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဆီမီရူ မီးတောင်ကြီး ပေါက်ကွဲပြီး မီးခိုးလုံးတွေနဲ့ မီးခိုးပြာတွေကို မှုတ်ထုတ်ခဲ့ပါတယ်။ ပူပြင်းတဲ့ ချော်ရည်တွေကလည်း မီးတောင်ရဲ့ တောင်စောင်း ဧရိယာတွေတလျှောက် အရှိန်ပြင်းပြင်း စီးကျလာခဲ့ပါတယ်။

သတင်း

ဒီဇင်ဘာ ၂ရက် ည ၆နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နှင့် ရဲစခန်းရှိရာအနီး ဖားကန့်မြို့လယ်ရှိ Jade Cityရှေ့အဝိုင်းပတ်နေရာ၌ မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် မဟာမိတ်တပ်ဖွဲ့တစ်ခုမှ ရဲဘော်နှစ်ဦးသည် ယမန်နေ့(ဒီဇင်ဘာ၁ရက်) ညနေတွင် အထက်ပါအတိုင်း မိုင်းရှင်းလင်းရေးလုပ်ဆောင်စဥ် ပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့ရ​​​ခြင်းဖြစ်သည်။

သတင်း

ပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး UWSA က တရားဝင်ထုတ်ပြန်မှု မရှိသေးသကဲ့သို့ UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းထံသို့ ဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရသေးပေ။