Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောက်ကိုင်မြို့တွင် ရွှေ့ပြောင်းမြန်မာလုပ်သားမိခင်တစ်ဦး အဓမ္မပြုကျင့်အသတ်ခံရ

လောက်ကိုင်မြို့၊ ရွှေတြိဂံနယ်မြေအနီးရှိ ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကိုအမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့​မှု ဒီဇင်ဘာ၁ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လောက်ကိုင်မြို့တွင် ရွှေ့ပြောင်းမြန်မာလုပ်သားမိခင်တစ်ဦး အဓမ္မပြုကျင့်အသတ်ခံရ
လောက်ကိုင်မြို့တွင် ရွှေ့ပြောင်းမြန်မာလုပ်သားမိခင်တစ်ဦး အဓမ္မပြုကျင့်အသတ်ခံရ

ရှမ်းပြည်နယ် လောက်ကိုင်မြို့တွင် ရွှေ့ပြောင်းမြန်မာလုပ်သား မိခင်တစ်ဦးကို အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့် အသတ်ခံရပြီး အလောင်းဖျောက်သည့်​ဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

လောက်ကိုင်မြို့၊ ရွှေတြိဂံနယ်မြေအနီးရှိ ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကိုအမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့​မှု ဒီဇင်ဘာ၁ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကုမ္မဏီတစ်ခုတည်းမှာ လုပ်ကြသူတွေလို့သိရပြီး အဓမ္မပြုကျင့်တဲ့အပြင် သတ်ပစ်တာ။ အလောင်းကိုလည်း ဖျောက်ဖို့ ကြိုးစားထားတာတဲ့။ ရေစည်ထဲမှာတွေ့တာ”ဟု လောက်ကိုင်မြို့မှ လူမှုရေးအသင်းတာဝန်ခံတစ်ဦးက ပြောသည်။

သေဆုံးသူသည် အသက်(၃၀)အရွယ်ခန့် အမျိုးသမီးတစ်ဦးဖြစ်သည်။ အိမ်ထောင်သည်ဖြစ်ပြီး ကလေးနှစ်ဦးနှင့်မိသားစု ကျန်ရစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ကျူးလွန်သူအမျိုးသားနှစ်ဦးကို ကိုးကန့်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးနေဆဲဟု သိရသည်။

လောက်ကိုင်မြို့သည် က်ိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်ပါဝင်ပြီး တရုတ်နိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည်။

က်ိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် စစ်ကောင်စီထောက်တိုင်များဖြစ်ပြီး လောက်ကိုင်မြို့သည် ဥပဒေမဲ့ ပရမ်းပတာမြို့ဖြစ်နေပြီဟု ဒေသခံများက ပြောသည်။

You May Also Like

သတင်း

တရားမဝင် ဝင်ရောက်လာသူများအနေဖြင့်လည်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံရနိုင်သည့်အပြင် အခြားသော အန္တရာယ်များဖြစ်သည့် လူကုန်ကူးခံရခြင်း၊ ယာဥ်မတော်တဆဖြစ်ခြင်း၊ တိမ်းမှောက်ခြင်း၊ သတ်ဖြတ်ခံရခြင်း စသည်တို့နှင့်လည်း ရင်ဆိုင်ကြုံတွေ့နိုင်ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေးကူညီပေးနေသူတစ်ဦးက ပြောသည်။

သတင်း

လက်ရှိတွင် ပြည်ပရောက်မြန်မာအလုပ်သမားက ဘဏ်စနစ်ကို အသုံးပြုငွေလွဲသည့် အစား ဟွန်ဒီစနစ်ကိုသာအဓိက အသုံးပြုနေသည်ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောသည်။

သတင်း

ပြစ်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသား ရင်သား၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ စီရင်ဆောင်ရွက်နေသည်ဟုလည်း AAက ထုတ်ပြန်သည်။

သတင်း

လက်ရှိတွင် အလုပ်ရှင်အား အမှုဖွင့်ထားသည့် အလုပ်သမား (၃၈)ဦးအတွက် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့်ရရှိရန် စမုပရာကန်ခရိုင်၊ အလုပ်အကိုင်ဌာန(ကျဟာငန်)နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။