Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လှည်းကူးတွင်စွန့်ပစ်ခံရိုဟင်ဂျာအ​လောင်းများတွင် နှိပ်စက်ခံထားရ​သောဒဏ်ရာများ​တွေ့ဟုမျက်မြင်​တွေ့ရှိသူများ​ပြော

“အများစုက ကျောပြင်အရည်ကြည်ဖု တွေ နဲ့ ခြေတွေ လက်တွေမှာလည်း အရည်ကြည်ဖုတွေ အပါအဝင် ရေနူး နေတာမျိုးတွေပါ တွေ့ရတယ်။နောက် နဖူးနဲ့ ခြေထောက်မှာ ရိုက်ခံထားပြီး ကွဲလို့ချုပ်ခံထားရသူတစ်ယောက်လည်းပါတယ်”

(စွန့်ပစ်ခံထားရ​သောရိုဟင်ဂျာရုပ်အ​လောင်း ၁၃ ​လောင်း)
(စွန့်ပစ်ခံထားရ​သောရိုဟင်ဂျာရုပ်အ​လောင်း ၁၃ ​လောင်း)

လှည်းကူးတွင် စွန့်ပစ်ခံထားရသည့် ရိုဟင်ဂျာ ၁၃ ဦး၏ရုပ် အလောင်းများတွင် ဒဏ်ရာများတွေ့ရှိကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။

သေဆုံးသူအလောင်းအများစု၏ ကျောပြင်တွင်အရည်ကြည်ဖုများ ၊ခြေထောက် နှင့် လက်များ တွင်လည်း အရည်ကြည်ဖုများ နှင့် အချို့တွင် ဒဏ်ရာရထားသဖြင့်ချုပ်ရာများပင်တွေ့ရှိရသည်ဟု မျက်မြင်​တွေ့ရှိခဲ့သူများက​ပြောသည်။

“အများစုက ကျောပြင်အရည်ကြည်ဖု တွေ နဲ့ ခြေတွေ လက်တွေမှာလည်း အရည်ကြည်ဖုတွေ အပါအဝင် ရေနူး နေတာမျိုးတွေပါ တွေ့ရတယ်။နောက် နဖူးနဲ့ ခြေထောက်မှာ ရိုက်ခံထားပြီး ကွဲလို့ချုပ်ခံထားရသူတစ်ယောက်လည်းပါတယ်”ဟုဖြစ်စဥ်အား မျက်မြင်တွေ့ရှိသူက People’s Spring သတင်းဌာနသို့ ​ပြောသည်။

Public Service Announcement
Public Service Announcement

ထို​ကြောင့် နှိပ်စက်သတ်ဖြတ်ခံရခြင်းဖြစ်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

“ရက်ရှည် ဖမ်းထားပြီး နှိပ်စက်လို့ဝ မှ အလောင်းတွေကို လာစွန့်ပစ်တာလို့မြင်တယ်”ဟု ဒေသခံအချို့ကပြောသည်။

ရိုဟင်ဂျာ အမျိုးသား ၁၃ ဦး၏ ရုပ်အလောင်း ကို လှည်းကူးမြို့နယ် ဘားလားကျေးရွာ၏ တပင်ရွှေထီးလမ်းဘေးတွင် လာရောက် စွန့်ပစ်ထားကြောင်းစစ်ကောင်စီဝါဒဖြန့် လူမှုကွန်ယက်အကောင့်များမှ ယနေ့(ဒီဇင်ဘာ ၅ ရက်) နေ့လည်ပိုင်းတွင် စတင်ဖြန့်ဝေခဲ့သည်။ ထိုအပြင် စစ်​ကောင်စီဝါဒဖြန့် မီဒီယာအချို့နှင့်အ​ကောင့်များက ထိုရိုဟင်ဂျာများမှာကားအတွင်း ​အောက်စီဂျင် ပြတ်၍​သေဆုံးခြင်းဖြစ်နိုင်​ကြောင်း မှတ်ချက်ပြု​ရေသားဖြန့်​​နေသည်ကိုလည်း​တွေ့ရသည်။

You May Also Like

နိုင်ငံတကာ

“ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်မှာ အကြာကြီး လာရောက် အခြေချ နေထိုင်နေခြင်းဟာ ကျွန်မတို့ နိုင်ငံရဲ့ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်၊ လုံခြုံရေးနဲ့ လူမှုနိုင်ငံရေးဆိုင်ရာ တည်ငြိမ်မှု ကဏ္ဍ အားလုံးကို ပျက်ပြားစေပါတယ်”လို့ ဟာဆီနာက ပြောပါတယ်။

သတင်း

အခြားသောအလှူရှင်များအနေဖြင့်လည်း မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာခဲ့ကြသူများထံ လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်မှုနှင့် အကူအညီတိုးမြှင့်ပေးအပ်ရန် အမေရိကန်က တိုက်တွန်းသည်။

သတင်း

မြန်မာဖက်ကနေ ကျွံဝင်လာတဲ့ လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲတာမျိုး ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖက်ခြမ်းမှာ အရင်ကလည်း ဖြစ်ခဲ့ဖူးပေမယ့် အခုကိစ္စမှာတော့ ပထမဆုံးအကြိမ် လူအသေအပျောက် ရှိလာခဲ့တာပါ။

သတင်း

အထက်ပါတွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်း၊ ပညာရေးဒုတိယဝန်ကြီးများ ဖြစ်သော ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့် ဆရာမဂျာထွယ်ပန်၊ ၊ ရိုဟင်ဂျာပညာရေးခေါင်းဆောင်များက အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း ဖော်ပြသည်။