Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားသို့ ခေါ်ဆောင်ပြီး စစ်ကောင်စီဆက်လက် ဖမ်းဆီးထား

လက်ရှိတွင် KBC၏ အကြံပေးတာဝန်ထမ်းဆောင်လျက်ရှိသည့် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၅ရက် နံနက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည့် ခရီးစဉ်အတွင်း မန္တလေးတံတားဦး လေဆိပ်၌ ဖမ်းဆီးခံရခြင်းဖြစ်သည်။

KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားသို့ ခေါ်ဆောင်ပြီး စစ်ကောင်စီဆက်လက် ဖမ်းဆီးထား

▪️အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အမြန်ဆုံး ပြန်လွှတ်ပေးရန် KBCသဘောထား ထုတ်ပြန်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌ ဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က မန္တလေးလေဆိပ်၌ ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးမည်ဟုဆိုကာ မြစ်ကြီးနားမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့သော်လည်း လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။

လက်ရှိတွင် KBC၏ အကြံပေးတာဝန်ထမ်းဆောင်လျက်ရှိသည့် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၅ရက် နံနက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည့် ခရီးစဉ်အတွင်း မန္တလေးတံတားဦး လေဆိပ်၌ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခဲ့ခြင်းမှာ နိုင်ငံခြားထွက်ခွာခွင့်တားမြစ်ခြင်းသာဖြစ်ပြီး ပြန်လွှတ်ပေးကာ မြစ်ကြီးနားသို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။သို့ရာတွင် မြစ်ကြီးနားရောက်မှစစ်ကောင်စီက ဆက်လက်ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားသို့ ခေါ်ဆောင်ပြီး စစ်ကောင်စီဆက်လက် ဖမ်းဆီးထား
KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်အား မြစ်ကြီးနားသို့ ခေါ်ဆောင်ပြီး စစ်ကောင်စီဆက်လက် ဖမ်းဆီးထား

“အခုဟာက မြစ်ကြီးနားရောက်တယ်ဆိုတဲ့ သတင်းတော့ ကြားရတယ်။ အဲဒီဟာဘာမှ အဆက်အသွယ် သတင်းမရဘူးဖြစ်နေတယ်။ မန္တလေးကနေ မြစ်ကြီးနားကို လေယာဉ်နဲ့ ပါလာပြီဆိုတဲ့အကြောင်းကို ကျနော်တို့ သိရတယ်။ ဒီမှာရောက်လာကတည်းက ကျွန်နော်တို့ ဘာမှမကြားရတော့ဘူး”ဟု KBC ဓမ္မ ဆရာတစ်ပါးက ဒီဇင်ဘာ ၅ရက်ညပိုင်း၌ ပြောသည်။

အကယ်၍ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါက အသင်းသားများနှင့် အဆက်အသွယ်ရမည်ဖြစ်သော်လည်း ညပိုင်းအချိန်ထိ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် အဆက်အသွယ်မရကြောင်း ၎င်းကဆိုသည်။ ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဆက်လက်ခေါ်ဆောင်သွားသည်ဟု သတင်းများ ထွက်နေသည်။

“ကျွန်တော်တို့လည်း အစကဝမ်းသာနေတာ။အခုကျတော့ အဆက်အသွယ်ပြတ်နေတော့ စိုးရိမ်နေတာ”ဟု KBC ဓမ္မဆရာတစ်ပါးက ပြောသည်။

ထိုသို့ ဒေါက်တာခလမ်ဆမ်ဆွန်အား စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းအပေါ် KBCက ဒီဇင်ဘာ ၅ရက်ညပိုင်း၌ သဘောထား ထုတ်ပြန်ပြီး အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ဖော်ပြခဲ့သည်။ သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ဖမ်းဆီးခံရကြောင်းကြားသိရ၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အသင်းသူ အသင်းသားများ အားလုံးလွန်စွာ စိုးရိမ်ျက်ရှိနေသည်ဟု KBCက အသိပေးခဲ့သည်။

You May Also Like

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖားကန့်မြို့တွင် စစ်ကောင်စီတပ်ကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ကထိခိုက်သေဆုံးရှိနိုင်သည်ဟုထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်က ကျေးရွာများကို လိုက်လံမီးရှို့စဉ် ဒေသခံကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူလေးကြိမ် အသုံးပြုတုံ့ပြန်ခဲ့သည်။ ထို့ကြောင့် ဒေသခံကာကွယ်ရေးတပ်များအနေဖြင် နေအိမ်များမီးရှို့နေသည့် စစ်ကောင်စီတပ်၏ လုပ်ရပ်ကိုအပြည့်အ၀ မတားဆီးနိုင်ဘဲ ဖြစ်နေရသည်ဟု ဆိုသည်။

သတင်း

ကချင်ဒေသခံတစ်ဦးကလည်း ဒေါက်တာခလမ်ဆမ်ဆွန်နှင့်အဖွဲ့ ယနေ့နံနက် ၉နာရီ ၁၅မိနစ်ခန့်တွင် ဖမ်ဆီးခံရပြီး ယခုပြန်လွှတ်ပေးလိုက်ပြီဟု သိရကြောင်း ပြောသည်။

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၄ရက် ညနေပိုင်း၌ မြစ်ကြီးနားမှ မန္တလေးမြို့သို့ သွားရောက်စဉ် လေဆိပ်၌ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။