Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့မှ လူငယ်နှစ်ဦးကို စစ်ကောင်စီက PDFဟုစွပ်စွဲဖမ်းဆီးပြီး နာရီပိုင်းအကြာတွင် သတ်ပစ်

People’s Defence Force (Kalay)မှ လူငယ်ရဲဘော်တစ်ဦးနှင့် အခြားလူငယ်တစ်ဦးတို့ ဒီဇင်ဘာ ၄ရက်က ဆိုင်ကယ်စီးလာစဥ် စစ်ကောင်စီက ဖမ်းဆီးပြီး သတ်လိုက်​ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် သတ်ပစ်လိုက်သည့် လူငယ်နှစ်ဦးအနက် တစ်ဦးအား တွေ့ရစဉ်)
(စစ်ကောင်စီတပ် သတ်ပစ်လိုက်သည့် လူငယ်နှစ်ဦးအနက် တစ်ဦးအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦးနှင့် လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး နာရီပိုင်းအတွင်း စစ်ကြောရေးတွင် သတ်ပစ်လိုက်ကြောင်းPeople’s Defence Force (Kalay)တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

People’s Defence Force (Kalay)မှ လူငယ်ရဲဘော်တစ်ဦးနှင့် အခြားလူငယ်တစ်ဦးတို့ ဒီဇင်ဘာ ၄ရက်က ဆိုင်ကယ်စီးလာစဥ် စစ်ကောင်စီက ဖမ်းဆီးပြီး သတ်လိုက်​ခြင်းဖြစ်သည်။

“နှစ်ဦးစလုံးကို PDFလို့ စစ်ကောင်စီက သတင်းမှားလွှင့်ထားတယ်။ အဲဒါ မဟုတ်ပါဘူး။ သူတို့က သူငယ်ချင်းတွေပါ။ တစ်ဦးကတော့ PDFပါ။ ဖမ်းတော့ အသာတကြည်အဖမ်းခံပါတယ်။ ကတ္တရာလမ်းပေါ်မှောက်ခိုင်းပြီး ရဲစခန်းကိုခေါ်သွားတယ်။ ညနေဘက်မှာ သတ်ပစ်တာ”ဟု People’s Defence Force (Kalay)တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီသတ်ဖြတ်လိုက်သူ နှစ်ဦးစလုံးသည် ဆက်ကျော်သက်လူငယ်များဖြစ်သည်။ ရုပ်အလောင်းကို မိသားစုဝင်များထံ ပြန်မပေးသေးကြောင်း သတင်းရရှိသည်။

အဆိုပါ လူငယ်နှစ်ဦးအား စစ်ကောင်စီက သတ်လိုက်သည့်ဖြစ်ရပ်အပေါ် ကလေးမြို့မှ တိုင်း​ဒေသကြီးအမတ် ဒေါ်သန့်ဝေကျော်က” ရန်သူက ရန်သူပီသတယ် ဆိုတဲ့စကားအတွက်၊ အချို့အရာတွေအတွက် ကိုယ့်ဖက်ကလည်း ပြတ်ပြတ်သားသားတုံ့ပြန်ပစ်လိုက်ဖို့ကိုသာ စိတ်ဇောသန်ပါတော့တယ်”ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

You May Also Like

သတင်း

နိုဝင်ဘာ ၁၁ရက်တွင် စစ်ကောင်စီတပ်သား သုံးဦးသည် ပြည်သူ့ဘက်သို့ ပူးပေါင်းလာရာ MA1 တစ်လက် ၊ ကျည်များပါလာကြောင်း ဖော်ပြထားသည်။

သတင်း

ဒီဇင်ဘာလဆန်းကတည်းက စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ် တာတိုင်ကျေးရွာနှင့် ရွှေဘိုမြို့နယ်သပွတ္တောကျေးရွာများမှ ဒေသခံများ ဒီပဲယင်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။

သတင်း

တပမဟာ(၁)နယ်မြေတွင်တိုက်ပွဲ ၃၃ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၄ဦးသေဆုံးကာ ၄၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ရေမိန်တောင်ရွာမှ အိမ်ခြေ(၅၀)နှင့် ရေမိန်မြောက်ရွာမှ နှစ်အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းတွင် တရားကျေးရွာကိုမီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။