Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUအုပ်ချုပ်နယ်မြေတွင် နိုဝင်ဘာအတွင်း တိုက်ပွဲ ၃၀၀ခန့်ဖြစ်ပြီး စစ်ကောင်စီနှင့် BGF ၃၀၀ကျော်သေဟု ထုတ်ပြန်

တပမဟာ(၁)နယ်မြေတွင်တိုက်ပွဲ ၃၃ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၄ဦးသေဆုံးကာ ၄၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

KNU တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNU တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️KNU တပ်ဖွဲ့ဝင် ၃၀ခန့်ကျဆုံးပြီး ၇၀ခန့်ဒဏ်ရာရ

▪️စစ်ကောင်စီ ရဲစခန်း နှစ်ခုနှင့် စစ်ကား ၂၀ ကျော် ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ဟု အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်ရေးနယ်မြေများ၌ နိုဝင်ဘာလအတွင်း တိုက်ပွဲပေါင်း (၂၉၀)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် မှ ၃၃၃ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၃၇ဦး ရှိခဲ့သည်ဟု KNUဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း KNU ဘက်မှ စစ်သည် ၃၀ဦး ကျဆုံးခဲ့ပြီး ၆၈ဦး ဒဏ်ရာရခဲ့ကြောင်းလည်း အသိပေးထားသည်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေများဖြစ်သည့် တပ်မဟာနှင့် ခရိုင်ခုနစ်ခုအနက် တပ်မဟာ (၁)၊ သထုံခရိုင်၊ တပ်မဟာ(၂) တောင်ငူခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) ထားဝယ်ခရိုင်၊ တပ်မဟာ(၅) ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင် တို့၌ တိုက်ပွဲများဖြစ်ခဲ့ပြီး တပ်မဟာ(၇)နယ်မြေ ဖားအံခရိုင်၌ တိုက်ပွဲဖြစ်ပွားမှုမရှိပေ။

တပမဟာ(၁)နယ်မြေတွင်တိုက်ပွဲ ၃၃ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၄ဦးသေဆုံးကာ ၄၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

တပ်မဟာ(၂)နယ်မြေတွင် တိုက်ပွဲ ၁၇ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅၃ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တပ်မဟာ(၃)နယ်မြေတွင် တိုက်ပွဲ ၃၀ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၀ဦးသေဆုံးကာ ၂၉ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ယခင်က တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့သည့် တပ်မဟာ(၄)နယ်မြေ ဘိတ်ထားဝယ်ခရိုင်တွင် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၄၁ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၈ဦးသေဆုံးကာ ၂၆ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး တိုက်ပွဲ ၁၁၆ ကြိမ်အတွင်း စစ်ကောင်စီတပ်မှ ၆၉ဦး သေဆုံးကာ ၅၁ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု အများဆုံးမှာ KNU တပ်မဟာ(၆) နယ်မြေ၌ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၉ဦး သေဆုံးကာ ၈၀ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ စစ်ကားများကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားပြီး အနည်းဆုံး ၂၀စီးကျော် ပျက်စီးခဲ့သည်ဟုဆိုသည်။

တပ်မဟာ(၁)နယ်မြေတွင် BGFမှ တပ်သားတစ်ဦး လက်နက်အပြည့် အစုံဖြင့် အလင်းဝင်လာခဲ့ကြောင်း၊တပ်မဟာ(၆)နယ်မြေတွင် ရဲစခန်း ၂ခု အား တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ရဲ ၄ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့ပြင် ဝေါ်လေရဲစခန်းမှ ရဲ ၂ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ဒေသခံပြည်သူလူထုများကို ပစ်မှတ်ထားပြီး ကျေးရွာများ လုပ်ငန်းခွင်များအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်းတို့ကြောင့် အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများလည်းရှိခဲ့သည်ဟု တပ်မဟာ အလိုက် အခြေအနေများကို ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ်(BGF) တပ်များသည် စစ်ရေးလှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်ပြုလုပ်နေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် တိုက်ပွဲကြီးတိုက်ပွဲငယ်များ နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း KNUက ထုတ်ပြန် သည်။

You May Also Like

သတင်း

နိုဝင်ဘာ ၁၁ရက်တွင် စစ်ကောင်စီတပ်သား သုံးဦးသည် ပြည်သူ့ဘက်သို့ ပူးပေါင်းလာရာ MA1 တစ်လက် ၊ ကျည်များပါလာကြောင်း ဖော်ပြထားသည်။

သတင်း

ဒီဇင်ဘာလဆန်းကတည်းက စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ် တာတိုင်ကျေးရွာနှင့် ရွှေဘိုမြို့နယ်သပွတ္တောကျေးရွာများမှ ဒေသခံများ ဒီပဲယင်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။

သတင်း

People's Defence Force (Kalay)မှ လူငယ်ရဲဘော်တစ်ဦးနှင့် အခြားလူငယ်တစ်ဦးတို့ ဒီဇင်ဘာ ၄ရက်က ဆိုင်ကယ်စီးလာစဥ် စစ်ကောင်စီက ဖမ်းဆီးပြီး သတ်လိုက်​ခြင်းဖြစ်သည်။

သတင်း

ရေမိန်တောင်ရွာမှ အိမ်ခြေ(၅၀)နှင့် ရေမိန်မြောက်ရွာမှ နှစ်အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းတွင် တရားကျေးရွာကိုမီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။