Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ကလေးငယ်များနှင့်စိတ်ကျန်းမာရေးမကောင်းသူကိုပါ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေ

ဒီဇင်ဘာလဆန်းကတည်းက စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ် တာတိုင်ကျေးရွာနှင့် ရွှေဘိုမြို့နယ်သပွတ္တောကျေးရွာများမှ ဒေသခံများ ဒီပဲယင်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။

မီးလောင်ပျက်စီးခဲ့သော ကျေးရွာများ၊ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များ
မီးလောင်ပျက်စီးခဲ့သော ကျေးရွာများ၊ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ရွာစဥ်လှည့် မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်စစ်ကြောင်းက စိတ်ကျန်းမာရေးမကောင်းသူနှင့် ကလေးသူငယ်များကိုပါ ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြု စစ်ကြောင်းထိုးဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာလဆန်းကတည်းက စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ် တာတိုင်ကျေးရွာနှင့် ရွှေဘိုမြို့နယ်သပွတ္တောကျေးရွာများမှ ဒေသခံများ ဒီပဲယင်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။

အဆိုပါ စစ်ဘေးရှောင်များနှင့် စစ်ကောင်စီစစ်ကြောင်းတိုးကာ တာတိုင်ကျေးရွာမှ အသက်(၁၃)နှစ်အရွယ်၊ က​လေးငယ် နှစ်ဦးအပါအဝင် ၁၅ ဦး၊ သပွတ္တောကျေးရွာမှ ၁၁ဦး၊ မူးရိုးကုန်းကျေးရွာမှ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး စုစုပေါင်း အမျိုးသား ၂၇ ဦးထက်မနည်း ဖမ်းဆီးခံထား​ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် ဖမ်းဆီးခံရသူများအား လူသားဒိုင်းပြုလုပ်ကာ စစ်ကြောင်းထိုးလျက်ရှိသည်။ ယနေ့ (ဒီဇင်ဘာ၆ ရက်)တွင် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း နများကျေးရွာသို့ ဒုတိယအကြိမ်ဝင်ရောက်ကာ ပြည်သူ့နေအိမ်များကို မီးရှို့နေကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

“(၁၃)နှစ်ကလေးရဲ့ အင်္ကျီလက်ရှည်ကိုချွတ်ပြီး တံတားမှာ ကြိုးအဖြစ်ပြန်ချည်ခဲ့လို့ လက်ရှည်လဲမပါ ဖိနပ်လဲမပါနဲ့ တော်တော်အေးနေရှာမှာ။ ဘေးကင်းကင်းနဲ့အမြန်ပြန်ရောက်နိုင်ကြဖို့ဆုတောင်းနေရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁ ရက်မှ ယနေ့အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း သုံးကျောင်းနှင့် ကျေးရွာ (၉)ရွာအထိ မီးရှို့ဖျက်ဆီးထားသည်။

You May Also Like

သတင်း

နိုဝင်ဘာ ၁၁ရက်တွင် စစ်ကောင်စီတပ်သား သုံးဦးသည် ပြည်သူ့ဘက်သို့ ပူးပေါင်းလာရာ MA1 တစ်လက် ၊ ကျည်များပါလာကြောင်း ဖော်ပြထားသည်။

သတင်း

တပမဟာ(၁)နယ်မြေတွင်တိုက်ပွဲ ၃၃ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၄ဦးသေဆုံးကာ ၄၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

People's Defence Force (Kalay)မှ လူငယ်ရဲဘော်တစ်ဦးနှင့် အခြားလူငယ်တစ်ဦးတို့ ဒီဇင်ဘာ ၄ရက်က ဆိုင်ကယ်စီးလာစဥ် စစ်ကောင်စီက ဖမ်းဆီးပြီး သတ်လိုက်​ခြင်းဖြစ်သည်။

သတင်း

ရေမိန်တောင်ရွာမှ အိမ်ခြေ(၅၀)နှင့် ရေမိန်မြောက်ရွာမှ နှစ်အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းတွင် တရားကျေးရွာကိုမီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။