Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နီပေါကျောင်းသားများက သေဒဏ်ချမှတ်ခံထားရသည့် မြန်မာကျောင်းသားများနှင့်အတူ ရပ်တည်ကြောင်း ဆန္ဒပြ

ယမန်နေ့တွင် နီပေါကျောင်းသားသမဂ္ဂမှ ကျောင်းသားများက မြန်မာစစ်တပ်၏ မတရားသဖြင့် သေဒဏ်များ စီရင်နေသည့် ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း နီပေါနိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - နီပေါကျောင်းသားသမဂ္ဂ
ဓာတ်ပုံ - နီပေါကျောင်းသားသမဂ္ဂ

နီပေါနိုင်ငံရှိ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားလူငယ်များက ယမန်နေ့ (ဒီဇင်ဘာ ၅)တွင် မြန်မာနိုင်ငံရှိ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦး အပါအဝင်ယုံကြည်ချက်ကြောင့် သေဒဏ်ကျခံနေရသူများနှင့်အတူရပ်တည်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပြန်လည် ဖော်ပြသည်။

ယမန်နေ့တွင် နီပေါကျောင်းသားသမဂ္ဂမှ ကျောင်းသားများက မြန်မာစစ်တပ်၏ မတရားသဖြင့် သေဒဏ်များ စီရင်နေသည့် ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း နီပေါနိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြ လှုပ်ရှားမှု လုပ်ဆောင်ခဲ့သည့် ကျောင်းသားအချို့ကို နီပေါရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခံရမှုလည်း ရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်း မြန်မာစစ်အုပ်စုသည် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ရက်က ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးဖြစ်သည့် ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနှင့်ကိုခန့်လင်းမောင်မောင် တို့ကို မတရားသဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

You May Also Like

သတင်း

ယင်းရန်ပုံငွေ ဘောလုံးပွဲအခမ်းအနားကို "အားကစားဖြင့်တော်လှန်မည်" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဘောလုံးအသင်း ၁၀သင်းခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

သတင်း

ထိုသို့ ပြည်သူများ အပေါ်ကျူးလွန်မှုအလုံးစုံအား မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စုမှ မလွဲမသွေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းလည်း GSCက အသိပေးထုတ်ပြန်ခဲ့သည်။

သတင်း

ယခုကဲ့သို့ ကျောင်းသားခုနစ်ဦး မတရားသေဒဏ်ချမှတ်ခံရခြင်းအပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂထံ People's Spring က ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပေ။

နိုင်ငံတကာ

ဆန္ဒပြသူတွေဟာ တရုတ်ရဲ့ တင်းကျပ်တဲ့ ဥပဒေတွေကို ရှောင်လွှဲဖို့အတွက် ဘာစာသားမှ ရေးမထားတဲ့ စာရွက်ဖြူ အလွတ်တွေကို ကိုင်ဆောင်လာကြပါတယ်။