Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အခက်အခဲမည်မျှရှိရှိ တော်လှန်ရေးအဆုံးအဖြတ်နှစ် ဖြစ်အောင်ကြိုးစားရမည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ်ပြော

ယနေ့ (ဒီဇင်ဘာ ၆ရက်)တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇)ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အခက်အခဲများ မည်မျှရှိရှိ ချမှတ်ထားသည့် တစ်နှစ်တာ မဟာဗျူဟာ အစီအမံ များကို ထိရောက်စွာ အကောင်အထည်ဖော်ပြီး ရည်မှန်းထားသည့်အတိုင်း တော်လှန်ရေး အဆုံးအဖြတ်နှစ်ဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ယနေ့ (ဒီဇင်ဘာ ၆ရက်)တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇)ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အခက်အခဲမည်မျှရှိရှိ တော်လှန်ရေးအဆုံးအဖြတ်နှစ် ဖြစ်အောင်ကြိုးစားရမည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ်ပြော
အခက်အခဲမည်မျှရှိရှိ တော်လှန်ရေးအဆုံးအဖြတ်နှစ် ဖြစ်အောင်ကြိုးစားရမည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ်ပြော

“ရည်မှန်းထားခဲ့တဲ့အတိုင်း ဒီတစ်နှစ် ဟာ တော်လှန်ရေးရဲ့အဆုံးအဖြတ်နှစ် ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်ဝအောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒီလို ကြိုးစားကြတဲ့အခါမှာ မဟာမိတ် အင်အားစုတွေ၊ တော်လှန်ရေးဦးဆောင်အစုအဖွဲ့တွေ အားလုံးနဲ့ တက်ညီလက်ညီ ဟန်ချက်ညီညီ ဖြစ်နိုင်ဖို့ကတော့ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များရဲ့ တာဝန် ဖြစ်တာမို့ ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

တော်လှန်ရေး၏ ယခုအချိန်မျိုး၌ များစွာ သတိကြီးစွာထားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း လက်နက်နဲ့ပြည်သူကို ခြိမ်းခြောက် ပြီး ၁ပတ်၂ပတ်နဲ့ အောင်မြင်မယ်ထင်ခဲ့တဲ့ မတရားအာဏာသိမ်းမှုဟာ အခု ၂နှစ်နီးပါးကာလအထိ ပြည်သူရဲ့ဇွဲထက်သန်စွာ တောင့်ခံမှုကြောင့် ဘယ်နေရာကိုမှ ကောင်းစွာ မအုပ်ချုပ်နိုင်ပဲ နည်းလမ်းမျိုးစုံနဲ့ တော်လှန်ရေးကို ပုံဖျက်ဖို့ကြိုးစားလာတဲ့ အချိန်၊ ပြည်သူတွေစိတ်ဝမ်းကွဲစေမယ့်ကိစ္စရပ်တွေ တခုပြီးတခုဖန်တီးလာတဲ့အချိန် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ မဟာမိတ် ERO တွေကို နည်းမျိုးစုံနဲ့ ချဉ်းကပ်ဆွဲဆောင်မှုတွေ ပြုလုပ်နေတဲ့အချိန်ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ မတရား ဖိနှိပ်မှုကြောင့် စိတ်ရောကိုယ်ပါ ဖိစီးလာချိန် ယခုကဲ့သို့ အခြေအနေမျိုး၌ တော်လှန်ရေးအင်အားစုများ အနေဖြင့် လက်တွဲညီညီ၊ ဆုံးဖြတ်ချက်မှန်မှန်နှင့် ပြည်သူကို ကောင်းမွန်စွာဦးဆောင်မှုပေးပြီး အရှိန်အဟုန်ဖြင့် ပန်းတိုင်ဆီမြန်မြန်ရောက်အောင် ချီတက်နိုင်ကြရန် လိုအပ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

You May Also Like

သတင်း

ဒါအပြင် အဲဒီအကျိုးအမြတ်တွေကို အသုံးပြုပြီး စစ်အုပ်စုဟာ နေ့စဉ်နဲ့အမျှ နိုင်ငံတဝှမ်းက ပြည်သူ့တွေအပေါ် သတ်ဖြတ်မှုတွေ ကျုးလွန်နေတယ်လို့လည်း NUG က ကြေညာချက်ထဲမှာထည့်သွင်းထားတာတွေ့ရပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ခုခံတွန်းလှန်စစ် ဆင်နွဲရာတွင် စစ်ဘက်ဆိုင်ရာဥပဒေများ၊ စစ်ရေးညွှန်ကြားချက်များနှင့်အညီသာ စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ထပ်မံ သတိပေးခဲ့သည်။

သတင်း

အဲဒီရုပ်သံဖိုင်ထဲမှာ လက်ထိပ်ခတ်ထားတဲ့အမျိုးသမီးကို ပြောက်ကျားဝတ် အမျိုးသမီးတစ်ဦးနဲ့အမျိုးသားအချို့က ရိုက်နှက်တာတွေ တွေ့ရပါတယ်။

သတင်း

ရဲနိုင်​သွေးနည်းတူ စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် နဂါးနီစစ်ကြောင်းတပ်ခွဲ၂ထံ အမြန်ဆုံးပူးပေါင်း CDMပြုလုပ်ကြရန် တိုက်တွန်းသည်။