Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန် ကျန်းမာစွာရှိနေပြီး မေးမြန်းရန်ရှိ၍ခေါ်ထားခြင်းဟု စစ်ကောင်စီက KBC တာဝန်ရှိသူများအား ခေါ်ယူပြောကြား

ဒေါက်တာခလမ်ဆမ်ဆွန်သည် လက်ရှိ KBC၏ အကြံပေး တာဝန်ယူထားသူဖြစ်ပြီး ကချင်လူထုအပေါ် ဩဇာရှိသည့် ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်
ဒေါက်တာခလမ်ဆမ်ဆွန်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်းဖြစ်သူ သိက္ခာတော်ရာဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကျန်းမာစွာရှိနေပြီး မေးမြန်းရန် ရှိ၍ ခေါ်ယူမေးမြန်းနေခြင်းဖြစ်ကြောင်း KBC တာဝန်ရှိသူများကို စစ်ကောင်စီ၏ ကချင်ပြည်နယ် နယ်လုံဝန်ကြီးက ခေါ်ယူပြောကြားခဲ့သည်ဟု ကချင်ဒေသခံက ပြောသည်။

“အခုလောလောဆယ်တော့ ကျွန်တော်တို့လည်း ဘာမှ ဃဂနဏမသိရသေးဘူးဖြစ်နေတာ။ မန္တလေးမှာ လိုလို၊ မြစ်ကြီးနားမှာလိုလို။ Update သိရတာတစ်ခုကတော့ KBC အဖွဲ့တွေကို ဆရာတွေကို ကချင်ပြည်နယ်အစိုးရ လုံနယ်ဝန်ကြီးက ခေါ်တယ်တဲ့။ ခေါ်ပြီးမှ သူတို့ကို ပြောတဲ့ဟာရှိတယ်တဲ့။ အဲဒါ ဘာပြောလဲဆိုတော့ ဆရာက ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်တဲ့။ သူ့ကို နည်းနည်းမေးမြန်းစရာရှိလို့ပါလို့ ပြောတယ်တဲ့။ သူက ဟောတဲ့နေရာမှာ နိုင်ငံတော်အကြည်အညိုပျက် စေတဲ့ စကားလေးတွေ အသုံးအနှုန်းလေးတွေ ပြောတာရှိတယ်ဆိုတဲ့အကြောင်း။သိပ်တော့မကြာလောက်ဘူးလို့ ထင်တာပဲ။ သူတို့ ပြောတာတဆင့်ပြန်ကြားသိရတာပေါ့”ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဒေါက်တာခလမ်ဆမ်ဆွန်သည် ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရောက်သည့် ခရီးစဉ်တွင် မန္တလေးတံတားဦးလေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်။ မန္တလေးမှ မြစ်ကြီးနားသို့ စစ်ကောင်စီက ပြန်ပို့ဆောင်လိုက်ပြီဟု ပြောဆိုသော်လည်း တိတိကျကျ အတည်မပြုနိုင်သေးဟု KBC ဓမ္မဆရာတစ်ဦးက ပြောသည်။

“အခုထိတော့ ကျနော်တို့တော့ မရသေးဘူးဗျ။ အခုထိ ကျနော်တို့ သူ့ကို မျှော်နေတာပေါ့။ ဘယ်ရောက်နေမှန်းမသိဘူး အဲဒါမျိုးဖြစ်နေတာ”ဟု ၎င်းက ဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် လက်ရှိ KBC၏ အကြံပေး တာဝန်ယူထားသူဖြစ်ပြီး ကချင်လူထုအပေါ် ဩဇာရှိသည့် ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။

၂၀၁၉အတွင်းကလည်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက အရေးယူရန် ကြိုးပမ်းခဲ့သော်လည်း ဒေါက်တာခလမ်ဆမ်ဆွန်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့မန္တလေး၌ တွေ့ဆုံခဲ့ပြီးနောက် ပြေလည်မှုရခဲ့သည်။

You May Also Like

သတင်း

မြောင်မြို့နယ် ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ် များသည် မြောင်နယ်နှင့် ရေစကြိုမြို့နယ်များရှိ ကျေးရွာများအား မကြာခဏ မီးရှို့ဖျက်ဆီးလေ့ရှိသည်။

သတင်း

ညာတခိုကျိုးတပ်စခန်း သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြီး KNU ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်ဟုKNU သတင်းရင်းမြစ်က​ပြောသည်။

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၅)ရက်က ထားဝယ်-ထီးခီးလမ်းအ တိုင်း မေတ္တာမြို့ လျှပ်စစ်ဓာတ်အားပေးစစ်ရုံသို့လာသော စစ်ကောင်စီလူကြီးလမ်းကြောင်းလုံခြုံရေးပေးမည့် စစ်ကောင်စီတပ်နှင့် ဥသြစစ်ကြေားတို့ ရမ်းဘလူရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သတင်း

နိုဝင်ဘာ ၁၁ရက်တွင် စစ်ကောင်စီတပ်သား သုံးဦးသည် ပြည်သူ့ဘက်သို့ ပူးပေါင်းလာရာ MA1 တစ်လက် ၊ ကျည်များပါလာကြောင်း ဖော်ပြထားသည်။