Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ် တပ်စခန်း ၃ ခုထက်မနည်းကို KNU တပ်မဟာ(၅) တိုက်ခိုက်

ညာတခိုကျိုးတပ်စခန်း သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြီး KNU ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်ဟုKNU သတင်းရင်းမြစ်က​ပြောသည်။

(၂၀၂၂ ဧပြီ လတွင် KNU/KNLAက သိမ်းပိုက်ခဲ့​သော ​သော်လဲထာစခန်းကို စခန်းသိမ်းပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-ရိုက်တာ)
(၂၀၂၂ ဧပြီ လတွင် KNU/KNLAက သိမ်းပိုက်ခဲ့​သော ​သော်လဲထာစခန်းကို စခန်းသိမ်းပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-ရိုက်တာ)

▪︎ညာတခိုကျိုးတပ်စခန်းအပါအဝင်စခန်းအချို့ကိုသိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီ တပ်စခန်း ၃ ခုထက်မနည်းကို ယနေ့ (ဒီဇင်ဘာ ၆ရက်)တွင် စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ ညာတခိုကျိုး စစ်ကောင်စီတပ်စခန်း အပါအဝင် တပ်စခန်းအချို့သိမ်းပိုက်ရရှိခဲ့ကြောင်း KNUသတင်းရင်းမြစ်ကပြောသည်။

ယနေ့မနက်တွင်ညာတခိုကျိုးတပ်စခန်း၊ လယ်တိုးတပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်းသုံးခုထက်မနည်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ညာတခိုကျိုးတပ်စခန်း သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြီး KNU ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်ဟုKNU သတင်းရင်းမြစ်က​ပြောသည်။

“သူတို့ ဘက်က ၆ယောက်လောက်သေတယ်။ထိခိုက်တာက သူတို့ ပြေးတာဆိုတော့ အတိအကျမသိဘူး။ တက်သိမ်းတာ သွေးတွေဘာတွေတွေ့တာပဲ။ လက်နက်ခဲယမ်းရတယ်။ ကျနော်တို့ဆီမှာရဲဘော် ၂ဦးကျသွားတယ်။” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

သိမ်းဆည်းရရှိသည့် လက်နက်များအနက် ၆၀ မမ လက်နက်ကြီး ပါဝင်ကြောင်း ၎င်းကဆက်​ပြောသည်။

အဆိုပါ ညာတခိုကျိုး စစ်ကောင်စီတပ်စခန်းသည် အရေးပါတဲ့စခန်းတစ်ခုဖြစ်ပြီး စခန်းသိမ်းပြီး​နောက် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှုရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ထိုအပြင်သံလွင်မြစ်ကမ်းတွင်စစ်​တပ်၏ သက်တမ်းအရှည်ဆုံးစခန်းတစ်ခုဖြစ်​သော သီးရိုထာစခန်းကိုလည်းတိုက်ခိုက်သိမ်းပိုက်ရာ စစ်​ကောင်စီတပ် ​သေဆုံးထိ့ခိုက်မှုများပြီး စခန်းကိုသိမ်းဆည်းနိုင်ခဲ့​ကြောင်း ​ဒေသတွင်းသတင်းဌာနဖြစ်​သော Salween Press ကလည်း​ဖော်ပြသည်။

သို့​သော်လယ်တိုးစခန်းနှင့်အခြားစခန်းသိမ်းတိုက်ပွဲအ​ခြေအ​​နေကိုမူ အ​သေးစိပ်မသိရ​သေး​ပေ။

ယခင်က KNU တပ်မဟာ(၅)အနေဖြင့် စစ်ကောင်စီတပ်စခန်းများကို ပြောက်ကျားတိုက်ခိုက်ခိုက်နေရာမှ ယနေ့တွင် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲလာခြင်းဖြစ်သည်။

“အရှိန်မြှင့်တာပေါ့။ကိုယ်နယ်မြေကိုယ်ပြန်ထိန်းဖို့ တစ်ဖက်တစ်လမ်းက တိုက်ပွဲအရှိန်မြှင့်လာမှာပဲ။ ပြည်တွင်းမှာလည်းမြင့်လာသလို ကိုယ့်နယ်မြေမှာလည်းကိုယ်ထိန်းသိမ်းဖို့ ပြန်လည်ထိန်းသိမ်းတာပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ကို ဖြုတ်ချနိုင်ရန် နိုင်ငံရေးအရ စစ်ရေးအရ သံတမန်ရေးအရ တပြိုင်တည်းအရှိန်မြှင့်ရမည်ဟု KNU သတင်းရင်းမြစ်က​ပြောသည်။ ပြည်တွင်းရှိ ပြည်သူ

လူထုများကလည်း သူ့နည်းသူ့ဟန်နှင့်လုပ်ဆောင်နေကြကြောင်း KNU သတင်းရင်းမြစ်က ဆက်ပြောသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် နိုဝင်ဘာလအတွင်းကလည်း တိုက်ပွဲ ၁၁၆ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။

You May Also Like

သတင်း

မြောင်မြို့နယ် ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ် များသည် မြောင်နယ်နှင့် ရေစကြိုမြို့နယ်များရှိ ကျေးရွာများအား မကြာခဏ မီးရှို့ဖျက်ဆီးလေ့ရှိသည်။

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန်သည် လက်ရှိ KBC၏ အကြံပေး တာဝန်ယူထားသူဖြစ်ပြီး ကချင်လူထုအပေါ် ဩဇာရှိသည့် ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၅)ရက်က ထားဝယ်-ထီးခီးလမ်းအ တိုင်း မေတ္တာမြို့ လျှပ်စစ်ဓာတ်အားပေးစစ်ရုံသို့လာသော စစ်ကောင်စီလူကြီးလမ်းကြောင်းလုံခြုံရေးပေးမည့် စစ်ကောင်စီတပ်နှင့် ဥသြစစ်ကြေားတို့ ရမ်းဘလူရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သတင်း

နိုဝင်ဘာ ၁၁ရက်တွင် စစ်ကောင်စီတပ်သား သုံးဦးသည် ပြည်သူ့ဘက်သို့ ပူးပေါင်းလာရာ MA1 တစ်လက် ၊ ကျည်များပါလာကြောင်း ဖော်ပြထားသည်။