Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှောင်တာနယ်လ်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်သတင်းစကားပါး

သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခရှောင်တာနယ်လ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားအကြံပေးဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်ကမှ အင်းစိန်ထောင်ကနေ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။

ရှောင်တာနယ်လ်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်သတင်းစကားပါး
ရှောင်တာနယ်လ်ကတဆင့် ဒေါ်အောင်ဆန်းစုကြည်သတင်းစကားပါး

ဒီမိုကရေစီရဲ့လွတ်လပ်မှု ခဏတာ ခံစားခွင့်ရခဲ့ပေမယ့် ဒီမိုကရေစီအခွင့်အရေး ကို ခုခံကာကွယ်ဖို့ မြန်မာပြည်သူတွေ အဆင့်သင့် ဖြစ်နေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ယူနေတယ်လို့ ထောင်ကနေ လွတ်လာတဲ့ ရှောင်တာနယ်လ်က သတင်းစကားပါးလိုက်ပါတယ်။

သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခရှောင်တာနယ်လ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားအကြံပေးဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်ကမှ အင်းစိန်ထောင်ကနေ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။

မနေ့က အမေရိကန်အခြေစိုက် ABC သတင်းဌာနနဲ့ပြုလုပ်တဲ့ အင်တာဗျုးမှာ ထောင်တွင်းက ဒေါ်အောင်ဆန်းစုကြည် မှာလိုက်တဲ့သတင်းစကားကို ရှောင်တာနယ်လ်က ထည့်ပြောလိုက်တာပါ။

စစ်တပ်အာဏာသိမ်းပြီးရက်ပိုင်းအကြာမှာ ဖမ်းခံရတဲ့ ရှောင်တာနယ်လ်က ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးတွေ့ရချိန်ဟာ နေပြည်တော်အချုပ်ထောင်မှာ အမိန့်ချခံရချိန်ကဖြစ်ပြီး လွန်ခဲတဲ့ ရက်သတ္တပတ် ၈ ပတ်ခန့်က ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုတွေ့ဆုံချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ စကားလက်ဆောင်ပါးလိုက်တယ်လို့လည်း ရှောင်တာနယ်လ်က ပြောပါတယ်။

” မြန်မာပြည်အကြောင်းအဖြစ်မှန်တွေကိုပြောပြပါ။ ကျွန်မတို့ကိုနှုတ်ပိတ်ခံထားရပေမယ့် ရှင်ကတော့ ပြောနိုင်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့မှာကြားချက်ကို ရှောင်တာနယ်လ်က ပြောပြပါတယ်။

” အထူးသဖြင့် မြန်မာလူငယ်တွေအပေါ်မှာ သူ ဘယ်လောက်အထိဂုဏ်ယူသလဲဆိုတာကိုလည်းပြောပြတယ် ။ ဒီမိုကရေစီရဲ့လွတ်လပ်မှုတွေကိုခဏလောက်ပဲ ခံစားခွင့်ရခဲ့ပေမယ့် ဒီမိုကရေစီအခွင့်အရေး တွေကို ခုခံကာကွယ်ဖို့ မြန်မာပြည်သူတွေအဆင့်သင့်ဖြစ်နေတာကို ဂုဏ်ယူနေတယ်” လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတင်းစကားကို ရှောင်တာနယ်လ်က အင်တာဗျုးကတဆင့် ပြန်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုထားရှိတဲ့ နေပြည်တော်အချုပ်ထောင်ဟာ အင်းစိန်ထောင်ထက်ဆိုးရွားပေမယ့် အခက်အခဲတွေကြားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်ခိုင်ခိုင်မာမာရှိနေတယ်လို့ ရှောင်တာနယ်လ်က အသိပေးထားပါတယ်။

You May Also Like

သတင်း

ထိုပြဇာတ်၌ ဆံထုံးထုံးထားသော အမျိုးသမီးကြီးတစ်ဦးပုံတစ်ပုံဘေးတွင် အမွှေးတိုင်တစ်တိုင်ထွန်းကာ ရက်လည်နေ့မြင်ကွင်းအဖြစ် ပြသထားသည်။

ဗီဒီယို

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ရှောင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးတော့ အဲဒီအချိန်ကစလို့ စစ်အာဏာရှင်တွေရဲ့လက်ထဲမှာ ရှင်လျက်နဲ့ ငရဲကိုစတင်ခံစားခဲ့ရပါတယ်လို့ သူက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခ ရှောင်တာနယ်လ်ကိုဖမ်းဆီးပြီး အင်းစိန်ထောင်နဲ့ နေပြည်တော်ထောင်တွေမှာ ထားခဲ့တာပါ။

သတင်း

မစ္စဗစ်ကီဘိုးမန်းရဲ့အမျိုးသား ကိုထိန်လင်းကိုလည်း ပြန်လွှတ်ပေးလိုက်ပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။