Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စားနပ်ရိက္ခာထောက်ပံ့ဖို့ WFP ကို ဥရောပသမဂ္ဂ ယူရိုငွေ ၆ သန်းခွဲပံ့ပိုး

WFP ဟာ ပြည်တွင်းက ပဋိပက္ခဒဏ်ခံစားနေရတဲ့ ဒေသတွေမှာရှိတဲ့ မိသားစုတွေကို စားနပ်ရိက္ခာ၊ ငွေသားနဲ့ အာဟာရ အထောက်အပံတွေ ပံ့ပိုးပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စာနပ်ရိက္ခာထောက်ပံ့ဖို့ WFP ကို ဥရောပသမဂ္ဂ ယူရိုငွေ ၆ သန်းခွဲပံ့ပိုး
စာနပ်ရိက္ခာထောက်ပံ့ဖို့ WFP ကို ဥရောပသမဂ္ဂ ယူရိုငွေ ၆ သန်းခွဲပံ့ပိုး

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ ထောက်ပံ့တာအပြင် ပံ့ပိုးကူညီတာတွေလုပ်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)ကို ဥရောပသမဂ္ဂက ယူရိုငွေ ၆ သန်းခွဲ လှူဒါန်းလိုက်ပါတယ်။

ဥရောပ သမဂ္ဂ က လှူဒါန်းတဲ့အဲဒီရန်ပုံငွေနဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေ ၊ အနောက်မြောက်ပိုင်းဒေသတွေ ၊ နယ်စပ်ဒေသတွေအပြင် ရန်ကုန်မြို့မှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ မြို့နယ်တွေက လူဦးရေ ၈ သိန်းကျော်ကို ထောက်ပံ့ပေးသွားတယ်လို့ WFP က ပြောပါတယ်။

WFP ဟာ ပြည်တွင်းက ပဋိပက္ခဒဏ်ခံစားနေရတဲ့ ဒေသတွေမှာရှိတဲ့ မိသားစုတွေကို စားနပ်ရိက္ခာ၊ ငွေသားနဲ့ အာဟာရ အထောက်အပံတွေ ပံ့ပိုးပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို ပံ့ပိုးပေးရာမှာ ချင်း ၊ကယား ၊မကွေးနဲ့ စစ်ကိုင်းတိုင်းက အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ သွားရောက်ကူညီဖို့ ကန့်သတ်ချက်တွေရှိနေတယ်လို့လည်း WFP က ဝန်ခံထားပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၁၅ သန်းဟာ ဝမ်းရေးအခက်အခဲကို အပြင်းအထန်ကြုံတွေ့နေရပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ တစ်နှစ်အတွင်းမှာတင် ၆၂ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ WFP ရဲ့အချက်အလက်တွေအရသိရပါတယ်။

You May Also Like

သတင်း

မီးဘေးသင့်ပြည်သူများအတွက် မီးဘေးသင့်ပြည်သူ တစ်ဦးလျှင် ၈,၅၀၀ကျပ် နှင့် တစ်အိမ် ထောင်လျင် ဆန်တစ်တင်းနှုန်း ထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

"စစ်ဘေးရှောင်တွေထဲမှာ ဖျားတဲ့နာတဲ့လူတွေလည်းများပြီး ကလေးတွေမှာ ဖိနပ်တောင်မပါကြဘဲ ငုတ်စူးတဲ့ကလေးတွေလည်းရှိတယ်လို့ သိရပါတယ်။"ဟု We Love Seikphyu Group က ပြောသည်။

သတင်း

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် မောင်တောနှင့် ရသေ့တောင်အပါအဝင် စစ်ဘေးရှောင်ဦးရေများထပ်မံတိုးပွားလာရာ စုစုပေါင်း စစ်ရှောင် ‌‌ခြောက်သောင်းကျော်ရှိသည်ဟု ဆိုသည်။

သတင်း

ကေအဲန်ယူ-မူတြော်ခရိုင်ရဲ့ တာဝန်ရှိခေါင်းဆောင်တွေက စစ်ဘေးရှောင်တွေလိုအပ်တာတွေကို တတ်နိုင်သမျှပံ့ပိုးပေးခဲ့ပေမယ့် စစ်ရှောင်ပြည်သူအရေအတွက်ဟာ အများအပြားတိုးပွားလာတဲ့အတွက် လိုအပ်ချက်တွေအများအပြားရှိတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။