Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗကသ ဒုဥက္ကဋ္ဌဟောင်း ကိုဂျိမ်း ကို ထောင် ၃ နှစ်ချ

မိခင်ဖြစ်သူရဲ့နာရေးကိုသွားဖို့ ကိုလင်းထက်နိုင်က ထောင်အာဏာပိုင်တွေကိုတင်ပြပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။

ဓာတ်ပုံ − အသံ - Athan/FB
ဓာတ်ပုံ − အသံ - Athan/FB

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဒုဥက္ကဋ္ဌဟောင်း ကိုဂျိမ်း ခေါ် ကိုလင်းထက်နိုင်ကို ဒီနေ့မှာ အင်းစိန်ထောင်တွင်းတရားရုံးက မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ထောင် ၃ နှစ်ချလိုက်ပါတယ်။

ကိုလင်းထက်နိုင်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က ဗိုလ်တထောင်မြို့နယ်ထဲမှာ စစ်ကောင်စီက ဖမ်းခဲ့တာပါ။

ထောင်ကျနေတဲ့ ကိုလင်းထက်နိုင်ဆီ ထောင်ဝင်စာလာပို့တဲ့ မိခင် ဒေါ်ကြီးမြင့်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၉ ရက်က အင်းစိန်ထောင် ထောင်ဝင်စာ ပါဆယ်ပို့ရာနေရာ ပေါက်ကွဲ ပစ်ခတ်မှုဖြစ်စဉ်မှာ ထိမှန်သေဆုံးခဲ့ရပါတယ်။

မိခင်ဖြစ်သူရဲ့နာရေးကိုသွားဖို့ ကိုလင်းထက်နိုင်က ထောင်အာဏာပိုင်တွေကိုတင်ပြပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။

ထောင် ၃ နှစ်ချခံလိုက်ရတဲ့ ကိုလင်းထက်နိုင်ကို ထောင်ဒဏ် တသက်အထိ ချလို့ရတဲ့ အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ စစ်ကောင်စီက တရားထပ်စွဲထားပါသေးတယ်။

You May Also Like

သတင်း

ဦးထက်မြတ်အောင်ကို ဖေဖော်ဝါရီ ၂၃ရက်တွင် နေအိမ်သို့ဝင်ရောက်၍ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြစ်မှူကျူးလွန်ထားခြင်းမရှိဘဲ မတရားစွပ်စွဲချက်များဖြင့် အမှုဆင်ကာ ဒီဇင်ဘာ ၂ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

သတင်း

ဖမ်းဆီးတရားစွဲခံသူငါးဦးလုံးဟာ တရားရုံးမှာ ဥပဒေပါ အခွင့်အရေးအရ ခုခံချေပခွင့်မပေးဘဲ တဖက်သတ် ထောင်ဒဏ် သုံး နှစ်စီချမှတ်ခံရတယ်လို့လည်းဆိုထားပါတယ်။

သတင်း

ဖမ်းဆီးခံရသူတွေထဲက စစ်ကြောရေးမှာ ၃ ဦး သေဆုံးထားပါတယ်။ လက်ရှိအချိန်ထိတော့ သတင်းသမား ၅၀ နီးပါး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

သတင်း

တမူးမြို့ နန့်ဖာလုံရပ်ကွက်၊ချောင်းနက်ကြီး မူလတန်းကျောင်းမှ ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၂၁ရက်) ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။