Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂျီနီဗာမှာလုပ်မယ့် ထိပ်သီးအစည်းအဝေး မြန်မာကို မဖိတ်ထား

အဲဒီအစည်းအဝေးကို ဒီဇင်ဘာလ ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဂျီနီဗာမြို့မှာအခြေစိုက်တဲ့ ကုလသမဂ္ဂ အသိအမှတ်အပြု အစိုးရ ကိုယ်စားလှယ်တွေကိုသာ ဖိတ်ကြားထားတာလို့ သံရုံးက ဆိုထားပါတယ်။

ဂျီနီဗာမှာလုပ်မယ့် ထိပ်သီးအစည်းအဝေး မြန်မာကို မဖိတ်ထား
ဂျီနီဗာမှာလုပ်မယ့် ထိပ်သီးအစည်းအဝေး မြန်မာကို မဖိတ်ထား

ဆွတ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဒီဇင်ဘာလ ဒုတိယပတ်အတွင်းကျင်းပမယ့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို ဖိတ်ကြားထားတာမရှိဘူးလို့ ရန်ကုန်မြို့မှာ ရှိတဲ့ ဆွတ်ဇာလန်သံရုံးက ထုတ်ပြန်ပါတယ်။

အဲဒီအစည်းအဝေးကို ဒီဇင်ဘာလ ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဂျီနီဗာမြို့မှာအခြေစိုက်တဲ့ ကုလသမဂ္ဂ အသိအမှတ်အပြု အစိုးရ ကိုယ်စားလှယ်တွေကိုသာ ဖိတ်ကြားထားတာလို့ သံရုံးက ဆိုထားပါတယ်။

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့ကတော့ ကနဦးက အဲဒီအစည်းအဝေးကိုစစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာဝါဝါမောင် အွန်လိုင်းကနေ တက်ရောက်ဖို့ ရှိတယ်ဆိုတာကို ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် Justice for Myanmar က ကန့်ကွက်ခဲ့ပြီးနောက် ဆွတ်ဇာလန်သံရုံးက မြန်မာကိုဖိတ်ကြားတာမရှိဘူးလို့ ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာလ ၅ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ ဆွတ်ဇာလန်သံအမတ်ဟာ စစ်ကောင်စီရဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုနေပြည်တော် မှာသွားရောက်တွေ့ဆုံထားပါတယ်။

You May Also Like

သတင်း

အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန် ၊ တရုတ် ၊အိန္ဒိယ နိုင်ငံတို့ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၁ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိ ကျင်းပနေတာပါ။

သတင်း

သြစတြေးလျသည် အသက်ရှင်သန်ရေးအတွက် လူသားချင်းစာနာမှုအကူအညီထောက်ပံ့မှုကို မှီခိုနေရသည့် နေရပ်စွန့်ခွာရိုဟင်ဂျာ ၉၁၉,၀၀၀ ကျော်အတွက် ဘင်္ဂလားဒေ့ရှ်ကို ဆက်လက်ကူညီထောက်ပံ့မည်ဟု ကတိပြုသည်။

သတင်း

ယင်းနောက် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသူများကို ထိရောက်သော အပြစ်ပေး အရေးယူမှုများ မပြုလုပ်နိုင်ပါက ကမ္ဘာကြီး၌ လုံခြုံရေးနှင့် အသက်ရှင်သန်ခွင့်ကို ခြိမ်းခြောက်နေခြင်းကိုလည်း CRPH ဥက္ကဋ္ဌက သတိပေးခဲ့ကြောင်း ဖော်ပြသည်။

သတင်း

ထိုင်းတရားရေး ဝန်ကြီး ဆွမ်ဆက်ခ် သပ်ဆူတင်က ထိုင်းရဲတပ်ဖွဲ့ဟာ ဦးထွန်းမင်းလတ်ရဲ့ အမှုနဲ့ နောက်ထပ် အမှုတစ်ခုကို ၂၀၁၉ ခုနှစ်ကတည်းက ခြေရာခံ စုံစမ်းနေခဲ့ကြောင်း ပြောပါတယ်။