Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်ကဖားကန့်တွင် လူသားတံတိုင်းအဖြစ်ဖမ်းဆီးသွား​သောပြည်သူ ၁၀ ဦးပြန်မလွတ်​​သေး

ဖားကန့် ကျေးရွာအချို့တွင်ယမန်နေ့(ဒီဇင်ဘာလ ၇ရက်)ညကလည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ သို့​သော်ယနေ့နံနက်တွင်မူ ပစ်ခတ်သံများငြိမ်သက်နေသည်ဟု ဒေသခံများကပြောသည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-KNG)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-KNG)

ဖားကန့်တွင်တိုက်ပွဲဖြစ်ပွားပြီး စစ်​ကောင်စီတပ်ကပြန်ဆုတ်ခွာစဥ် လူသားတံတိုင်းအဖြစ်ဖမ်းဆီးသွားသည့် ဒေသခံ ပြည်သူ ၂၁ဦးအနက် ၁၁ဦးသာ ပြန်လွတ်မြောက်လာ​သေးပြီး ၁၀ဦးကို ဖမ်းဆီးထားဆဲဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

ဖားကန့်မြို့ မှော်ပုံကျေးရွာတွင်စစ်​ကောင်စီတပ်ကအင်အားရာနှင့်ချီ ဖြည့်တင်း၍စစ်​ကြောင်းထိုးလာရာ ဒီဇင်ဘာလ ၅ရက်ညမှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီဇင်ဘာလ ၆ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ​မှော်ပုံကျေးရွာဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင် ပြည်သူ ၂၁ဦးကို လူသားတံတိုင်းပြုလုပ်ကာ ဖမ်းဆီး​ခေါ်​ဆောင်သွားခြင်းဖြစ်​ကြောင်းဒေသများကပြောသည်။

“၁၁ ဦးပြန်လွတ်လာတယ်။ ဆယ်ယောက်အဖမ်းခံထားရတုန်းပဲ။ သူတို့အတွက် စိတ်ပူနေရတယ်။ ဘာသတင်းမှ မရသေးဘူး” ဟုမှော်ပုံကျေးရွာဒေသခံတစ်ဦးကယနေ့(ဒီဇင်ဘာလ ၈ရက်) ပြောသည်။

PDF ဟုဖမ်းဆီးစွပ်စွဲကာဖမ်းဆီး​​ခေါ်​​ဆောင်သွားခြင်းဖြစ်ပြီး က​လေးငယ်နှင့်လူကြီးများကိုပြန်လွှတ်​ပေး​သော်လည်း လူငယ်ပိုင်း အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၆ ဦးကိုဖမ်းဆီး​ခေါ်​ဆောင်သွားခြင်းဖြစ်သည်။

မှော်ပုံကျေးရွာ ဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲရန် ကြိုးစားခဲ့သည့် စစ်ကောင်စီတပ်ကို KIA ၊ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာပြီးပြန်လည်ဆုတ်ခွာသွားခဲ့ရခြင်းဖြစ် သည်။ ဒီဇင်ဘာ ၆ ရက်ညကတိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးအများအပြားအသုံးပြု၍ တိုက်ခိုက်ခဲ့သော်လည်း KIA ၊ PDF ပူးပေါင်းအဖွဲ့က အကောင်းဆုံးတုန့်ပြန်တိုက်ခိုက်နိုင်ခဲ့သည်ဟု ဒေသခံများက ချီးကျုးနေကြသည်။

​မှောိပုံရွာဘုန်းကြီး​ကျောင်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ဆယ်နှင့်ချီ ​သေဆုံးခဲ့ပြီး KIA/PDF ပူး​ပေါင်းအဖွဲ့မှ ၂ ဦးကျဆုံးခဲ့​ကြောင်း ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။ စစ်​ကောင်စီတပ်အထိနာသွား၍ တိုက်ပွဲများအချိန်မ​ရွေး ဖြစ်နိုင်​ကြောင်းလည်း​ဒေသခံအချိူ့က​ပြောသည်။

ဖားကန့် ကျေးရွာအချို့တွင်ယမန်နေ့(ဒီဇင်ဘာလ ၇ရက်)ညကလည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ သို့​သော်ယနေ့နံနက်တွင်မူ ပစ်ခတ်သံများငြိမ်သက်နေသည်ဟု ဒေသခံများကပြောသည်။

You May Also Like

သတင်း

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးတစ်ဦးလည်းဖြစ်သူ ဦးကျော်ဆွေ၏ နေအိမ်သို့ NRDF က ရဲတပ်ဖွဲ့ပုံစံ အသွင်ယူပြီး သွားရောက်ခဲ့သည်။

သတင်း

အဆိုပါ စစ်ကြောင်းသည် ကန့်ဘလူနှင့် တန့်ဆည်နယ်စပ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သည့်စစ်ကြောင်းဖြစ်ပြီး နယ်စပ်ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

KIA တပ်မဟာ(၉) တပ်ရင်း(၆)နယ်မြေ မဒဲယန်တွင် ဒီဇင်ဘာ ၆ရက် ညနေ ၄နာရီ ကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၆ရက်)က ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုထက်မနည်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ ညာတခိုကျိုး တပ်စခန်းအပါအဝင် စခန်းအချို့ သိမ်းရခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။