Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာလေးရွာ မီးရှို့ဖျက်ဆီး

အဆိုပါ စစ်ကြောင်းသည် ကန့်ဘလူနှင့် တန့်ဆည်နယ်စပ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သည့်စစ်ကြောင်းဖြစ်ပြီး နယ်စပ်ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဓါတ်ပုံ-Infinity Group
ဓါတ်ပုံ-Infinity Group

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဒီဇင်ဘာပထမပတ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာ လေးရွာရှိ နေအိမ် ၁၄၀နီးပါး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၄ရက်နှင့် ၅ရက်က ကန့်ဘလူနယ်စပ် တန့်ဆည်မြို့နယ်၊ သာဂေါင်ကြီးကျေးရွာရှိ နေအိမ် ၇၆ လုံး၊ ကမ်းဖြူရွာရှိ နေအိမ် ၄၀လုံး၊ ဝက်တိုးရွာရှိ နေအိမ် ၁၇ လုံးနှင့် ပုတီးရွာရှိ နေအိမ် ၆လုံး စုစုပေါင်း ၁၃၉လုံး မီးရှို့ဖျက်ဆီးသွားကြောင်း ​ဒေသခံများက ပြောသည်။

“သာဂေါင်ကြီးရွာကို မနက်၉နာရီကစပြီးရှို့တာ။နေ့လယ်အထိ လောင်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ကန့်ဘလူနှင့် တန့်ဆည်နယ်စပ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သည့်စစ်ကြောင်းဖြစ်ပြီး နယ်စပ်ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ရွာလုံးကျွတ်မီးရှို့ခံရသောကျေးရွာ ၇ ရွာအပါအဝင် ကျေးရွာ ၇၄ ရွာရှိ လူနေအိမ် ၂,၅၀၆ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေအိမ် ၃၀၀လုံး​၏ အိမ်တိုင်များလှီးဖြတ်ခြင်း ကဲ့သို့ ဖျက်ဆီးခြင်းများ ပြုလုပ်သွားခဲ့သည်။

ထို့အပြင် သာသနိကအဆောက်အဦး ၉ လုံး၊ ကျေးရွာစာကြည့်တိုက် တစ်ခုနှင့် ဆေးခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း Taze News က ဖော်ပြသည်။

You May Also Like

သတင်း

စစ်အုပ်စုရဲ့ ကျူးကျော်ရှင်းလင်းမှာစစ်တပ်၊ ရဲအင်အားတင်မက လူမိုက်တွေလည်းပါဝင်ကြတယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

သတင်း

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးတစ်ဦးလည်းဖြစ်သူ ဦးကျော်ဆွေ၏ နေအိမ်သို့ NRDF က ရဲတပ်ဖွဲ့ပုံစံ အသွင်ယူပြီး သွားရောက်ခဲ့သည်။

သတင်း

ဖားကန့် ကျေးရွာအချို့တွင်ယမန်နေ့(ဒီဇင်ဘာလ ၇ရက်)ညကလည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ သို့​သော်ယနေ့နံနက်တွင်မူ ပစ်ခတ်သံများငြိမ်သက်နေသည်ဟု ဒေသခံများကပြောသည်။

သတင်း

KIA တပ်မဟာ(၉) တပ်ရင်း(၆)နယ်မြေ မဒဲယန်တွင် ဒီဇင်ဘာ ၆ရက် ညနေ ၄နာရီ ကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။