Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးကုတ်တွင် စစ်အုပ်စုအနီး ပြည်သူများရှိနေ၍ စစ်ဆင်ရေး ၅ခု ဖျက်သိမ်းခဲ့ရ

မိုးကုတ်မြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်အား ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံထားရသည်။

မိုးကုတ်ဗျူဟာ တပ်ရင်း၁ Wolves Of Mogok အဖွဲ့ဝင်များ စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-Wolves Of Mogok
မိုးကုတ်ဗျူဟာ တပ်ရင်း၁ Wolves Of Mogok အဖွဲ့ဝင်များ စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-Wolves Of Mogok

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်အုပ်စုအနီးတွင် ပြည်သူများရှိနေ၍ တိုက်ခိုက်ရန် ပြင်ဆင်ထားသော စစ်ဆင်ရေးငါးခုဖျက်သိမ်းခဲ့ရကြောင်း မိုးကုတ်ဗျူဟာတပ်ရင်း(၁)Red Wolves Of Mogok အဖွဲ့က အသိပေးသည်။

ပြည်သူများ အသွားအလာဆင်ခြင်ပေးကြရန်၊ စစ်အုပ်စုဝင် စစ်သား၊ရဲများနှင့် ဝေးရာတွင် နေကြရန် မကြာခဏသတိပေးခဲ့သော်‌လည်းလိုက်နာခြင်းမရှိ၍ တပ်ရင်းက ပြုလုပ်မည့် စစ်ဆင်ရေးငါးခုကို ဖျက်သိမ်းခဲ့ရကြောင်း Wolves Of Mogok အဖွဲ့က ယနေ့ (ဒီဇင်ဘာလ ၈ ရက်) ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးကုတ်မြို့ပြင် မြို့တွင်း မလိုအပ်ဘဲ သွားလာခြင်းမပြုဘဲ အသွားအလာဆင်ခြင်ပေးကြရန်၊ စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်နေသော နေရာများ၊ အရာများကို လုံး၀(လုံး၀) ရှောင်ကြဉ်ပေးကြရန်၊ စစ်ကောင်စီကို အကူညီဖြစ်စေမည့် အရာမှန်သမျှ ရှောင်ကြဉ်ရန်၊ ပြည်သူများ၏ ကားများကိုလည်း မြို့တွင်း/မြို့ပြင် မှန်ချမောင်းပေးကြရန် Wolves Of Mogok အဖွဲ့က ထပ်မံသတိပေးသ​ည်။

အဆိုပါ သတိပေးချက်များကို လိုက်နာဆောင်ရွက်မှုမရှိပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို တာ၀န်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း Wolves Of Mogok အဖွဲ့က အသိပေးခဲ့သည်။

သတိပေးချက်နှင့်ပတ်သက်၍ Wolves Of Mogok အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မိုးကုတ်မြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်အား ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံထားရသည်။

You May Also Like

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၅ရက်) ငါန်းဇွန်မြို့အထွက် အနောက်ဘက်ဂိတ်ကို မြင်းခြံနှင့် ငါန်းဇွန်အခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့များက (၄၀)မမ လက်နက်ကြီးဖြင့်သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဒီဇင်ဘာ ၂ရက် နံနက်၅နာရီ၀န်းကျင်က စစ်ကိုင်းတပ်မ(၃၃)မှ စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်ဘက်ခြမ်းကျေးရွာများသို့ အင်အား(၁၀၀)ကျော်ဖြင့်စစ်ကြောင်းထိုးကာ မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

သတင်း

"စစ်ကြောင်းမှူးထိတယ်၊ သူတို့ အချင်းချင်းရန်ဖြစ်ပြီး မီးရှို့ကြတာ။ ရေနံချောင်းက ရေနံမြေရဲတွေလည်းပါတယ်။ ရဲက ၂၀ ကျော်ပါတယ်"ဟု ကိုလကျာ်က ပြောသည်။

သတင်း

ယင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ပစ္စည်းထိခိုက်မှုများရှိကြောင်း အတည်ပြုနိုင်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။