Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် PDFက ရဲတပ်ဖွဲ့အသွင်ယူပြီး စစ်ကောင်စီခန့်အုပ်ကြီးထံ သေနတ်များသိမ်းယူ

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးတစ်ဦးလည်းဖြစ်သူ ဦးကျော်ဆွေ၏ နေအိမ်သို့ NRDF က ရဲတပ်ဖွဲ့ပုံစံ အသွင်ယူပြီး သွားရောက်ခဲ့သည်။

သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-NDRF
သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-NDRF

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးထံ ရဲတပ်ဖွဲ့ပုံစံဖြင့်ဝင်ရောက်၍ လက်နက်များသိမ်းယူနိုင်ခဲ့ပြီး အဆိုပါ အုပ်ချုပ်ရေးမှူးအား စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း Natogyi Regional Defence Force – NRDFအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးတစ်ဦးလည်းဖြစ်သူ ဦးကျော်ဆွေ၏ နေအိမ်သို့ NRDF က ရဲတပ်ဖွဲ့ပုံစံ အသွင်ယူပြီး သွားရောက်ခဲ့သည်။

“ကျွန်တော်တို့ကလည်း ရဲယူနီဖောင်းနဲ့ ရဲတပ်ဖွဲ့အသွင်ယူပြီး ရွာထဲဝင်လိုက်တာ ရွာအဝင်မှာက ဒီကောင် ကျော်ဆွေခိုင်းထားတဲ့ ဂိတ်စောင့်တွေ ရှိတယ်။ အမျိုးသမီးတွေချည့်ပဲ စောင့်တာ။ကျွန်တော်တို့လည်း ဝင်လာရော လှိုက်လှိုက်လှဲလှဲ ‌‌ကြိုဆိုကြပါတယ်။ ဂိတ်စောင့် အမျိုးသမီးတွေက။ အုပ်ချုပ်ရေးမှူး ကျော်ဆွေအိမ် လိုက်ပြပေးပါဦးပြောတော့ ဂိတ်နားမှာရှိတဲ့ ပျူအဖွဲ့ဝင် တစ်ယောက်က အူယားဖားယားနဲ့ ကျွန်တော်သိတယ်ဆိုပြီးသူက လိုက်ပြပေးတယ်။”ဟု NRDFအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အိမ်သို့ရောက်သောအခါ ခပ်တည်တည်ဖြင့် စစ်ဆေးစရာရှိ၍ လာသည်ဟု ပြောဆိုခဲ့သည်။

“ကျော်ဆွေအိမ် ရောက်တော့ဗိုလ်လေးရော ပါလာတာ စစ်ဆေးစရာလေးတွေရှိလို့ ဆိုပြီးခင်ဗျားကို ပေးထားတဲ့ လက်နက်တွေ ကျုပ်တို့ကို ပြပါဦးဆိုတော့ သူ့မိန်းမကိုယ်တိုင် ထုတ်ပေးတာ။ ကျော်ဆွေက တုန်နေတာဗျ။ ခင်ဗျားကို ဘာမှ မလုပ်ဘူး ပြောလည်းမရဘူး။ကျွန်တော်တို့လည်း လက်နက်တွေ ရရချင်း ပြန်ထွက်လာလိုက်တာ။”ဟု NRDFအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေထံမှ MA-3 မောင်းပြန် တစ်လက် ၊ ရိုင်ဖယ်သေနတ် (၃)လက်နှင့် ကျည်အချို့ကို သိမ်းဆည်းခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဥ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဦးကျော်ဆွေအား မြင်းခြံ စစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအခါ စစ်ကြောရေး၌ လက်နက်ပျောက်ဆုံးမှုဖြင့် စစ်ဆေးခံနေရကြောင်း NRDFအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီက ဦးကျော်ဆွေအစား ဗလုံကျေးရွာအတွက် အုပ်ချုပ်ရေးမှူး အသစ် ထပ်မံရွေးချယ် ရန်စီစဥ်နေသည်ဟု ဒေသခံများက ပြောသည်။

ပြည်သူများအနေဖြင့် NDRFအဖွဲ့အား မြင်းခြံခရိုင်အတွင်း လှူပ်ရှားသွားလာနေချိန် တွေ့ရှိပါက မည်သူ့မျှ ပြန်မပြောဘဲ နူတ်ဆိတ်နေပေးပါရန်လည်း NRDFအဖွဲ့က မေတ္တာရပ်ခံသည်။

You May Also Like

သတင်း

အဆိုပါ စစ်ကြောင်းသည် ကန့်ဘလူနှင့် တန့်ဆည်နယ်စပ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သည့်စစ်ကြောင်းဖြစ်ပြီး နယ်စပ်ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဖားကန့် ကျေးရွာအချို့တွင်ယမန်နေ့(ဒီဇင်ဘာလ ၇ရက်)ညကလည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ သို့​သော်ယနေ့နံနက်တွင်မူ ပစ်ခတ်သံများငြိမ်သက်နေသည်ဟု ဒေသခံများကပြောသည်။

သတင်း

KIA တပ်မဟာ(၉) တပ်ရင်း(၆)နယ်မြေ မဒဲယန်တွင် ဒီဇင်ဘာ ၆ရက် ညနေ ၄နာရီ ကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၆ရက်)က ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုထက်မနည်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ ညာတခိုကျိုး တပ်စခန်းအပါအဝင် စခန်းအချို့ သိမ်းရခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။