Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့တိုက်ပွဲတွင်ရရှိခဲ့သော ဒဏ်ရာဖြင့် ရဲဘော်ဂျေရိုမ်း ကျဆုံး

“နယ်မြေရှင်း တိုက်ပွဲဖြစ်ရင်းနဲ့ မိုင်းနင်းမိတဲ့ဒဏ်ရာကြောင့် ကျဆုံးခဲ့ရတာ”ဟု KNDFတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)
(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)

ကရင်နီပြည်နယ် ဖရူဆိုမြို့တွင်းတိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သော ရဲဘော်ဂျေရိုမ်း အဆိုပါဒဏ်ရာဖြင့်ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၄)က ယနေ့(ဒီဇင်ဘာ ၈ ရက်)ထုတ်ပြန်သည်။

“နယ်မြေရှင်း တိုက်ပွဲဖြစ်ရင်းနဲ့ မိုင်းနင်းမိတဲ့ဒဏ်ရာကြောင့် ကျဆုံးခဲ့ရတာ”ဟု KNDFတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)
(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်နေသည့် ကာလတစ်လျှောက် KNDF တပ်ရင်း (၄)၏ ပထမဆုံးကျဆုံးခဲ့ရသော ရဲဘော်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ရဲဘော်ဂျေရိုမ်း ဒဏ်ရာရကျဆုံးခဲ့ရသည့် တိုက်ပွဲမှာ ဒီဇင်ဘာ ၄ ရက်က ဖရူဆိုမြို့တွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)
(ရဲဘော် ဂျေရိုမ်း၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ- KNDF)

စစ်အာဏာရှင်ကိုတော်လှန်ရင်း မြင့်မြတ်စွာကျဆုံးခဲ့သော ရဲဘော် ဂျေရိုမ်းအား ကရင်နီအမျိုး သားများကာကွယ်ရေးတပ် တပ်ရင်း(၄)မှ အာဇာနည်သူရဲကောင်း တစ်ဦးအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်မှုများနေသော ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင်လည်း ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းလည်း KNDF တပ်ရင်း(၆)က သီး ခြားထုတ်ပြန်ထားသည်။

You May Also Like

သတင်း

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု အလွန်နည်းပါးခဲ့သည့် TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်းတွင် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

လတ်တလောတွင် ချင်းရွှေဟော်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်သည် ချင်းရွှေဟော်ဒေသ၌ စခန်းချနေသော်လည်း နှစ်ဖက်ပဋိပက္ခ ထပ်မံ ဖြစ်ပွားမှု မရှိဟု ဖော်ပြထားသည်။

သတင်း

တိုက်ပွဲသည် ယမန်နေ့(ဒီဇင်ဘာလ ၆ရက်) ည ၈ နာရီခန့်မှ ည ၁၀ ရီခန့်အထိ တစ်ကြိမ်၊ယနေ့(ဒီဇင်ဘာလ ၇ရက်)နံနက် ၂ နာရီခန့်မှ ၄ နာရီခန့်အထိ တစ်ကြိမ် ဖြစ်ပွားခဲ့​​ခြင်းဖြစ်သည်။

သတင်း

လောက်ကိုင်ရှိ လောင်းကစားရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံဒေသအနှံ့မှ လာရောက် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းမြန်မာလုပ်သား သုံးသိန်းခန့်အထိရှိနေသည်။