Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂျီနီဗာဖွံ့ဖြိုးမှုဆိုင်ရာထိပ်သီးညီလာခံသို့ မြန်မာစစ်ကောင်စီကိုယ်စားလှယ် တက်ရောက်ခွင့်မရ

ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)မှ တရားဝင်အသိအမှတ်ပြုသော အစိုးရကိုယ်စားလှယ်များကို ဂျီနီဗာထိပ်သီးညီလာခံသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို UNGA က အသိအမှတ်မပြုသေးကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - Getty
ဓာတ်ပုံ - Getty

ဆွစ်ဇာလန်က လက်ခံကျင်းပမည့် ထိရောက်သောဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးထိပ်သီးညီလာခံသို့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပေးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ယမန်နေ့တွင် ထုတ်ပြန်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)မှ တရားဝင်အသိအမှတ်ပြုသော အစိုးရကိုယ်စားလှယ်များကို ဂျီနီဗာထိပ်သီးညီလာခံသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို UNGA က အသိအမှတ်မပြုသေးကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယင်းသို့ တရားမဝင်စစ်ကောင်စီကို တက်ရောက်ခွင့်ပြုမည်မဟုတ်သည့် ဆွစ်ဇာလန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း Justice For Myanmarက ယနေ့ထုတ်ပြန်သည်။

ဓာတ်ပုံ - Getty
ဓာတ်ပုံ – Getty

“မြန်မာစစ်ကောင်စီဟာ တရားမဝင်တဲ့ အကြမ်းဖက် အဖွဲ့အစည်းဖြစ်ပြီး ရှေ့တန်းကနေ ဘယ်တော့မှ မဖိတ်ကြားသင့်ပါဘူး။ ထိရောက်သောဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် အမှန်တကယ်ရပ်တည်မယ်ဆိုရင် ထိပ်သီးညီလာခံဟာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဖိတ်ကြားသင့်ပြီး အရေးပေါ်ဦးစားပေးမှုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုထိတွေ့ဆက်ဆံသင့်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

လာမည့် ဒီဇင်ဘာ ၁၂ရက်မှ ၁၄ရက်အထိ ဂျီနီဗာ၌ ကျင်းပမည့် အထက်ပါထိပ်သီးညီလာခံသို့ အကြမ်းဖက်စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို ဖိတ်ကြားသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသော ဆွစ်ဇာလန်အစိုးရသည် မြန်မာစစ်ကောင်စီ၏ ကိုယ်စားလှယ်ကို ဖိတ်ကြားခြင်းမဟုတ်ဘဲ ဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနက ဂျီနီဗာရှိ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့များအားလုံးထံ အကြောင်းကြားခြင်းဖြစ်ကြောင်း တုံ့ပြန်ဖြေရှင်းခြင်းဖြစ်သည်။

ယင်းထိပ်သီးညီလာခံသို့ ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး မူဝါဒများနှင့် အစီအစဥ်များနှင့်သက်ဆိုင်သော ဝန်ကြီးများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင် များ၊ ပုဂ္ဂလိကကဏ္ဍ အမှုဆောင်အရာရှိချုပ်များနှင့် အခြား အရေးပါသူများ တက်ရောက်ကြမည်ဟု သိရသည်။

You May Also Like

သတင်း

"အဆိုပါ စစ်ဆင်ရေးတွင် အောင်လှိုင်ဝင်း(ခ) ကုလားကြီးအား သေနတ်ဖြင့် (၄)ချက် ပစ်ခတ်ခဲ့ရာ နေရာ၌ပင် သေဆုံးသွားခဲ့သည်"ဟု ဖော်ပြသည်။

သတင်း

အိန္ဒိယ၊ သီရိလင်္ကာ၊ ဆော်ဒီအာရေးဘီးယားနဲ့ ဘီလားရုစ်တို့ အပါအဝင် နိုင်ငံတချို့ကတော့ မြန်မာနိုင်ငံကို သံအမတ်တွေ စေလွှတ်ပြီး မင်းအောင်လှိုင်ကို သံတမန်ရေးအရ အသိအမှတ်ပြု ဆက်ဆံနေကြောင်း သိရပါတယ်။

သတင်း

စစ်အုပ်စုရဲ့ ကျူးကျော်ရှင်းလင်းမှာစစ်တပ်၊ ရဲအင်အားတင်မက လူမိုက်တွေလည်းပါဝင်ကြတယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

သတင်း

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးတစ်ဦးလည်းဖြစ်သူ ဦးကျော်ဆွေ၏ နေအိမ်သို့ NRDF က ရဲတပ်ဖွဲ့ပုံစံ အသွင်ယူပြီး သွားရောက်ခဲ့သည်။