Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်တံခါးမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်၊ လက်လုပ်သေနတ် သိမ်းဆည်းရရှိ

“အဆိုပါ စစ်ဆင်ရေးတွင် အောင်လှိုင်ဝင်း(ခ) ကုလားကြီးအား သေနတ်ဖြင့် (၄)ချက် ပစ်ခတ်ခဲ့ရာ နေရာ၌ပင် သေဆုံးသွားခဲ့သည်”ဟု ဖော်ပြသည်။

(သိမ်းဆည်းရရှိခဲ့သော လက်နက်နှင့် ရုံးသုံးပစ္စည်းအချို့အား တွေ့ရစဉ်)
(သိမ်းဆည်းရရှိခဲ့သော လက်နက်နှင့် ရုံးသုံးပစ္စည်းအချို့အား တွေ့ရစဉ်)

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့ သတိပဌာန်ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ‘နန်းထိုက်အောင်’ စစ်ဆင်ရေးအဖြစ် ပစ်ခတ်လိုက်ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(ဒီဇင်ဘာ ၈)ထုတ်ပြန်သည်။

ယမန်နေ့ညနေ ၅ နာရီခန့်က သတိပဌာန်ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်လှိုင်ဝင်း(ခ)ကုလားကြီးအား ဗိုလ်ကျောက်ခဲ ဦးဆောင်သော မြို့ပြပျောက်ကြားအဖွဲ့က ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“အဆိုပါ စစ်ဆင်ရေးတွင် အောင်လှိုင်ဝင်း(ခ) ကုလားကြီးအား သေနတ်ဖြင့် (၄)ချက် ပစ်ခတ်ခဲ့ရာ နေရာ၌ပင် သေဆုံးသွားခဲ့သည်”ဟု ဖော်ပြသည်။

သေဆုံးသူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထံမှ လက်လုပ်သေနတ်အတို တစ်လက်၊ စည်းတံဆိပ်၊ မှတ်ပုံတင်နှင့် အခြားစာရွက်စာတမ်းများ သိမ်းဆည်းရရှိကြောင်း အသိပေးသည်။

ထို့အပြင် တော်လှန်ရေးရဲဘော်များမှာ စစ်ဆင်ရေးကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အထက်ပါ စစ်ရေးတိုက် ခိုက်မှုနှင့်စပ်လျဥ်းပြီး People’s Springက ပဲခူးတိုင်းစစ်ဒေသခွဲထံ ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။

You May Also Like

သတင်း

"မင်းဆိုးမင်းညစ်ရှိနေသ၍ မီးဘေး၊အငတ်ဘေးဆိုတာ အမြဲတမ်းကြုံနေရမှာမို့ အာဏာရှင်အား အပြီးတိုင်မောင်းထုတ်နိုင်မှ ဒီဒုက္ခများမှ ကင်းဝေးနိုင်ပါမည်"ဟု ကိုနွေဦးက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်းများ ကျေးရွာများသို့ ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ပေါက်မြို့နယ် ကျေးရွာ (၁၅)ရွာမှ ဒေသခံပြည်သူ ၅,၀၀၀ခန့် ဘေးလွတ်ရာထွက်ပြေးနေကြရသည်။

သတင်း

အိန္ဒိယ၊ သီရိလင်္ကာ၊ ဆော်ဒီအာရေးဘီးယားနဲ့ ဘီလားရုစ်တို့ အပါအဝင် နိုင်ငံတချို့ကတော့ မြန်မာနိုင်ငံကို သံအမတ်တွေ စေလွှတ်ပြီး မင်းအောင်လှိုင်ကို သံတမန်ရေးအရ အသိအမှတ်ပြု ဆက်ဆံနေကြောင်း သိရပါတယ်။

သတင်း

ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)မှ တရားဝင်အသိအမှတ်ပြုသော အစိုးရကိုယ်စားလှယ်များကို ဂျီနီဗာထိပ်သီးညီလာခံသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို UNGA က အသိအမှတ်မပြုသေးကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။