Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကုန်းသာရွာတိုက်ပွဲ စစ်ကောင်စီတပ် ငါးဦးသေဟု KRU ပြော

အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မြေပြင် ၊ ဝေဟင် ပစ်ကူများဖြင့် ဆုံးရှုံးခဲ့သည့် နယ်မြေများ ပြန်လည်ရယူရန် ယခုလ ၃ရက်ကစ၍ ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည်။

(KRU မှ ရဲဘော်များအား တွေ့ရစဉ်)
(KRU မှ ရဲဘော်များအား တွေ့ရစဉ်)

▪️KRU ရဲဘော်တစ်ဦး ပျောက်ဆုံးနေဟု အသိပေး

စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတပ်မှ ငါးဦးသေဆုံးကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)က ယနေ့(ဒီဇင်ဘာ ၉ ရက်) ထုတ်ပြန်သည်။

KRU၏ လှုပ်ရှားနယ်မြေဖြစ်သော ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်းသုံးခုဖြင့် ဒီဇင်ဘာ ၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကြောင်းထိုးလာခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း ထောင်ထားသော မိုင်းများနင်းမိ၍ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ အများအပြားဒဏ်ရာရပြီး အနီးကပ်ပစ်ခေတ်မူအတွင်း တစ်ဦးထပ်မံသေဆုံးသည်ကို KRUက အတည်ပြုသည်။

“အဲဒီ​နေ့တိုက်ပွဲက တစ်နေကုန်ကို ဖြစ်တာ။အခုထိလည်း ကုန်းသာမှာ စစ်ဆိုင်ထားတဲ့အခြေ အနေပါပဲ။အချိန်မရွေးဖြစ်နိုင်တယ်”ဟု KRU တာဝန် ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း ရဲဘော်ငါးပျောက်ဆုံးခဲ့ပြီး ပြန်လည်ရှာဖွေရာတွင် ဒဏ်ရာရရဲဘော်လေးဦးကို တွေ့ရှိ ခေါ်ဆောင်နိုင်ခဲ့သော်လည်း ကျန်တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

ပျောက်ဆုံးနေသော ရဲဘော်အား လက်ရှိအချိန်ထိ ရှာဖွေမူများ လုပ်ဆောင်နေကြောင်းလည်း အသိပေးသည်။

ထို့အပြင် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်၍ ကျည် ၊ခဲယမ်းများ အမြန်ဆုံးကူညီပေးကြရန် KRU က မေတ္တာရပ်ခံထားသည်။

နိုဝင်ဘာ ၂၈ ရက်ကစ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)မှဦးဆောင်၍ ကရင်နီတပ်မတော် (KA) ၊အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့၊ DMO PDF၊ Loikaw PDFတို့က စစ်ကောင်စီတပ်များ တပ်စွဲထားသော ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများတွင် နယ်မြေစိုးမိုးရေး ပူးပေါင်းစစ်ဆင်ရေး တစ်ရပ်ဆင်နွဲခဲ့သည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မြေပြင် ၊ ဝေဟင် ပစ်ကူများဖြင့် ဆုံးရှုံးခဲ့သည့် နယ်မြေများ ပြန်လည်ရယူရန် ယခုလ ၃ရက်ကစ၍ ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည်။

You May Also Like

သတင်း

တိုက်ခိုက်ခံရတဲ့ ရပ်ကွက်ရုံးနားမှာ နေထိုင်သူ အမျိုးသားတစ်ဦး ရဲ့ ပြောပြချက်အရ ပေါက်ကွဲမှုဖြစ်ပြီးနောက် သေနတ်ပစ်ခတ်သံတွေကို ကြားရတယ်လို့သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး နှစ်ညဆက် ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုရှိသည်ဟု TNLAက ပြောသည်။

သတင်း

“ဗုံးကြဲခံရတဲ့ နေရာတွေက အရပ်ဖက် ပစ်မှတ်တွေ အများကြီး ရှိနေတဲ့ ဧရိယာတွေပါ။ ဘုရားကျောင်းတွေ၊ ဆေးရုံတွေနဲ့ ကျောင်းတွေ အပါအဝင်ပေါ့။ မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်တဲ့ ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေပါတယ်”လို့ သူက ပြောသွားပါတယ်။

သတင်း

"မင်းဆိုးမင်းညစ်ရှိနေသ၍ မီးဘေး၊အငတ်ဘေးဆိုတာ အမြဲတမ်းကြုံနေရမှာမို့ အာဏာရှင်အား အပြီးတိုင်မောင်းထုတ်နိုင်မှ ဒီဒုက္ခများမှ ကင်းဝေးနိုင်ပါမည်"ဟု ကိုနွေဦးက ဆိုသည်။