Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ်တွင် မီးရှို့ခံရသည့်မြင်းဒေါင်းရွာအား ရှင်းလင်းရေးလုပ်ရန်လာသည့် ရွာသားများကို စစ်ကောင်စီတပ် လိုက်လံပစ်ခတ်

အာဏာသိမ်းပြီးချိန်မှ ဒီဇင်ဘာ၄ရက်အထိ ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း (၅၈)ရွာမှ နေအိမ်ပေါင်း၂,၆၄၆ လုံးအထိ မီးရှို့ဖျက်ဆီးခံထားရကာ အကူအညီများလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော မြင်းဒေါင်းကျေးရွာ၊ ဓာတ်ပုံ-Cj
မီးရှို့ဖျက်ဆီးခံခဲ့ရသော မြင်းဒေါင်းကျေးရွာ၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ မြင်းဒေါင်းကျေးရွာတွင် ဒေသခံများအား စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်၍ အမျိုးသားတစ်ဦး ကျည်ထိမှန်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၉ရက်)နံနက် ၈နာရီခန့်က ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာတွင် မီးရှို့ခံထားရသော နေရာများသို့ ရှင်းလင်းရေးလုပ်ရန် ဝင်လာကြသည့် ရွာသူ၊ရွာသားများအား မူးတိမ်ချောင်းတံတားရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက လိုက်လံပစ်ခတ်ခဲ့ကြောင်းခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်အုပ်စုသည် (၆ဝ)မမနှင့် စက်ကလေးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူများထွက်ပြေးခဲ့ရကြောင်း၊ ရွာမြောက်ဘက်အရောက်တွင် အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး နားထင်ရှပ်မှန် ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

“မူးတိမ်ချောင်း တံတားကနေ စစ်သားနဲ့ပျူ ၁၅ ယောက်လောက်က မြင်းဒေါင်း​ကျေးရွာ ရေသန့်စက်နား ရောက်လာပြီး ဂန်းတွေနဲ့အဆက်မပြတ် ရမ်းသမ်းပစ်သွားတာလို့ပြောတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် မြင်းဒေါင်းကျေးရွာအတွင်း စစ်ကောင်စီတပ်သားများ ကင်းပုန်းကျန်နိုင်၍ မစုံစမ်းဘဲမဝင်ကြရန် ဒေသတွင်း တော်လှန်ရေးအဖွဲ့များက သတိပေးသည်။

မြင်းဒေါင်းကျေးရွာသည် စစ်ကောင်စီတပ်၏ မကြာခဏ မီးရှို့ဖျက်ဆီးမှု မကြာခဏခံရလေ့ရှိသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေပြီး ပြည်သူအချိူ့လည်း ဖမ်းဆီးသတ်ဖြတ်ခံထားရသည်။

အာဏာသိမ်းပြီးချိန်မှ ဒီဇင်ဘာ၄ရက်အထိ ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း (၅၈)ရွာမှ နေအိမ်ပေါင်း၂,၆၄၆ လုံးအထိ မီးရှို့ဖျက်ဆီးခံထားရကာ အကူအညီများလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

You May Also Like

သတင်း

ယမန်နေ့ (ဒီဇင်ဘာလ ၇ ရက်)နေ့လယ်ပိုင်းက စစ်ကောင်စီတပ်အင်အား ၅၀ထက်မနည်းသည်ကလေးမြို့ အင်ဒိုင်းကုန်းကျေးရွာမှ က​လေးPDFတပ်ရင်း(၅) မှ တပ်ဖွဲ့ဝင်နှစ်ဦး၏ အိမ်ကိုမီးရှို့စဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းထောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"အဆိုပါ စစ်ဆင်ရေးတွင် အောင်လှိုင်ဝင်း(ခ) ကုလားကြီးအား သေနတ်ဖြင့် (၄)ချက် ပစ်ခတ်ခဲ့ရာ နေရာ၌ပင် သေဆုံးသွားခဲ့သည်"ဟု ဖော်ပြသည်။

သတင်း

စစ်အုပ်စုရဲ့ ကျူးကျော်ရှင်းလင်းမှာစစ်တပ်၊ ရဲအင်အားတင်မက လူမိုက်တွေလည်းပါဝင်ကြတယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၅ရက်) ငါန်းဇွန်မြို့အထွက် အနောက်ဘက်ဂိတ်ကို မြင်းခြံနှင့် ငါန်းဇွန်အခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့များက (၄၀)မမ လက်နက်ကြီးဖြင့်သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။