Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကညွတ်ကွင်းမြို့ရှိ ခမရ(၄၃၉)တပ်ရင်းဂိတ်အား ပစ်ခတ်တိုက်ခိုက်

‘နန်းထိုက်အောင်စစ်ဆင်ရေး’တွင် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဓာတ်ပုံ - Bago Region PDF
ဓာတ်ပုံ - Bago Region PDF

ပဲခူးတိုင်း ကညွတ်ကွင်းမြို့ရှိ ခမရ(၄၃၉)တပ်ရင်းဂိတ်အား ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းထန် ဒဏ်ရာရကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီဇင်ဘာ ၈ ရက် ညနေ ၅နာရီခန့်ကပြုလုပ်ခဲ့ပြီး ဖြူးမြို့နယ် ပကဖ (9 Kwins Fighters Force မြို့ပြပျောက်ကြားအဖွဲ့) က “နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ယနေ့(ဒီဇင်ဘာ ၉ ရက်)တွင် ထုတ်ပြန်သည်။

ခမရ(၄၃၉)တပ်ရင်း၏ လုံခြုံရေးဂိတ်တွင် စစ်ကောင်စီတပ်သား လေးဦးရှိပြီး ပစ်ခတ်တိုက် ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်းလည်း အသိပေးသည်။

Public Service Announcement
Public Service Announcement

‘နန်းထိုက်အောင်စစ်ဆင်ရေး’တွင် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

“ရှေ့လျှောက် စစ်ရေးအရှိန်မြင်လာဖို့ပဲရှိတယ်။ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီ နဲ့သက်ဆိုင်တဲ့ စစ်ရေးပစ်မှတ်များနဲ့ ဝေးဝေးနေကြ ဖို့ အဓိက တိုက်တွန်းလိုပါတယ်”ဟု ဖြူးမြို့နယ် (ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုဖြစ်စဥ်မတိုင်မီ နိုဝင်ဘာလဆန်းပိုင်းကလည်းက ညွတ်ကွင်းမြို့ရဲစခန်း အရှေ့ဘက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ ရဲသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

You May Also Like

သတင်း

ယနေ့(နိုဝင်ဘာ ၂၈ ရက်)နံနက်၇ နာရီ ၄၅မိနစ်ခန့်တွင် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီတပ်သည် ဇီးပြားရဲစခန်းမှ ထွက်လာပြီး လမ်းတစ်လျှောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

သတင်း

ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် သည် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက်ငွေတောင်းခြင်း၊ ဖမ်းဆီး​နှိပ်စက်ခြင်းများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယမန်နေ့ (နိုဝင်ဘာ၂၄ရက်)နံနက် ၁၁နာရီခန့်က အုန်းတောရွာအမြှောက်စစ်တပ်(လက်နက်ကြီးတပ်ဂိတ်)အား (၄၀)မမဖြင့် အနီးကပ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း PAFD အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ဒေါင်းနက် - နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ နှင့် ပုလဲဂျိုကာအဖွဲ့တို့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။