Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းနယ်တွင် စစ်ကောင်စီတပ်က ယနေ့တစ်ရက်တည်း ကျေးရွာခြောက်ရွာ မီးရှို့ဖျက်ဆီး

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ခုထိုးနေ၍ ကျေးရွာ (၃၁)ရွာမှ ဒေသခံ ပြည်သူသုံးသောင်းတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့နယ်(ပအဖ) စာရင်းကို ကိုးကားကာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့)
(မီးရှို့ဖျက်ဆီးခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့တစ်ရက်တည်း ကျေးရွာခြောက်ရွာထက်မနည်း မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၉ ရက်)နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ဒီပဲယင်းနယ်အရှေ့ခြမ်း မူးရိုးကုန်း၊ ယဉ်ကျေးနှင့် ရုံးသာကျေးရွာများကို ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် သပြေသာရွာ၊ ဝဲကြီးကျေးရွာနှင့် မူးခတွင်းကျေးရွာများကိုလည်း ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“အိမ်တွေတော့ စာရင်းမကောက်နိုင်သေးဘူးခင်ဗျ။ စ…(စစ်ကောင်စိတပ်သား)တွေက နေရာအနှံ့ဖြန့်ထားလို့ အခြေနေတွေမသိရသေးဘူး။ မီးရှို့ဖို့သက်သက် ပြည်သူကို ဒုက္ခပေးဖို့ သက်သက်လာတာလားမသိပါဘူးဗျာ။ နေ့စဉ်ရက်ဆက်ရှို့နေတာ။”ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက် အစားအစာ၊ အဝတ်ထည်နှင့် စောင်များ လိုအပ်လျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အတွင်း ဒီဇင်ဘာ ၁ရက်မှစတင်ကာ ယနေ့အထိ ဘုန်းကြီးကျောင်း သုံးကျောင်းနှင့် ကျေးရွာ(၁၄)ရွာထက်မနည်း မီးရှို့ဖျက်ဆီးထားပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူများလည်းရှိနေသည်။

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ခုထိုးနေ၍ ကျေးရွာ (၃၁)ရွာမှ ဒေသခံ ပြည်သူသုံးသောင်းတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့နယ်(ပအဖ) စာရင်းကို ကိုးကားကာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

You May Also Like

သတင်း

ထောင်ဝင်စာပါဆယ်ပို့ခွင့်ပြုတဲ့ ပမာဏကို ကန့်သတ်လိုက်ပေမယ့် ဆေးဝါးပို့ခွင့်ကိုတော့ စစ်ကောင်စီက ဆက်ခွင့်ပြုထားတယ်လို့သိရပါတယ်။

သတင်း

မူပန်ခရိုင်(သိန္နီဒေသ၌) နေ့လည်ပိုင်းအထိတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦး သေဆုံးထိခိုက်ခဲ့ပြီး MNDAA ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

သတင်း

တိုက်ခိုက်ခံရတဲ့ ရပ်ကွက်ရုံးနားမှာ နေထိုင်သူ အမျိုးသားတစ်ဦး ရဲ့ ပြောပြချက်အရ ပေါက်ကွဲမှုဖြစ်ပြီးနောက် သေနတ်ပစ်ခတ်သံတွေကို ကြားရတယ်လို့သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး နှစ်ညဆက် ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုရှိသည်ဟု TNLAက ပြောသည်။