Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော် – မုံရွာလမ်းပိုင်းတွင် စစ်အုပ်စုက မိုင်းကွင်းတည့်တည့်ပေါ် ကင်းပုန်းလာဝပ်

ဒီဇင်ဘာ ၇ရက် နံနက် ၆နာရီခန့်က အရာတော် – မုံရွာလမ်းမပေါ်ရှိ ချမ်းသာရွာဘုန်းကြီးကျောင်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများနှင့် မဟာမိတ်တပ်ဖွဲ့များ ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

မိုင်းထိ စစ်အုပ်စုအား တင်ထားရသည့် အရာတော်ဆေးရုံအား တွေ့ရစဥ်၊ ဓာတ်ပုံ - Danger Force LPDF

စစ်ကိုင်းတိုင်း၊ အရာတော် – မုံရွာလမ်းပိုင်းပေါ်တွင် မိုင်းကွင်းတည့်တည့်ပေါ် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Danger Force LPDF အဖွဲ့တာဝန်ခံ ဗိုလ်ရန်ရှင်းက ပြောသည်။

ဒီဇင်ဘာ ၇ရက် နံနက် ၆နာရီခန့်က အရာတော် – မုံရွာလမ်းမပေါ်ရှိ ချမ်းသာရွာဘုန်းကြီးကျောင်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများနှင့် မဟာမိတ်တပ်ဖွဲ့များ ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ထို့နောက် ညနေ ၆နာရီခန့်တွင် အရာတော် – မုံရွာ လမ်းမပေါ်ရှိ ကမ်းပြူအရှေ့ရွာအနီး၌ မိုင်းကွင်းတည့်တည့်ပေါ်သို့ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများအား ပဒေသာမိုင်း (၅) လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း Danger Force LPDF အဖွဲ့က သတင်းထုတ်ပြန်သည်။

“မနက်ခင်း တိုက်ပွဲပြီးတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဆိုင်ကယ် နှစ်စီး ကျန်ခဲ့တာပေါ့။ ဖြစ်ချင်တော့ ဆိုင်ကယ်က မိုင်းကွင်းနားမှာ။ စ…(စစ်ကောင်စိတပ်သား)တွေလည်း ဆိုင်ကယ်ကို ဘယ်သူလာယူမလဲဆိုပြီး မိုင်းကွင်းတည့်တည့်ပေါ် ကင်းဝပ်တဲ့ ချိန်မှာ ဆွဲလိုက်တာပါ။ ငါး ယောက်က တော်တော်ထိသွားတယ်” ဟုDanger Force LPDF အဖွဲ့ တာဝန်ခံ ဗိုလ်ရန်ရှင်းက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့နောက် သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ပြီးနောက် ထိခိုက်သေဆုံးသူများအား ကားဖြင့် အရာတော်ဆေးရုံသို့ သယ်ဆောင်သွားသည်ဟု ဆိုသည်။ အရာတော်ဆေးရုံအနီးတွင် စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားကာ ည ၇နာရီခန့်တွင် သေနတ်များ အဆက်မပြက် ပစ်ဖောက်ခဲ့ကြောင်း ဗိုလ်ရန်ရှင်းက ပြောသည်။

“ဆေးရုံ အဆက်ဆက်စုံစမ်းတော့ သုံးဦး သေဆုံးပြီး နှစ်ဦး အပြင်းထန်ဒဏ်ရတယ်လို့ သိရတယ်ဗျ။”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါစစ်ဆင်ရေးကို Danger Force LPDF၊ Zero ပျောက်ကြားတပ်ဖွဲ့ (မြင်းခြံ)၊စစ်ကိုင်းနွေဦးရဲဘော်(စစ်ကိုင်းတိုင်း)၊ ကြယ်နီတပ်ဦး မုံရွာခရိုင်တပ်ရင်း(၁၉)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၄ ရက်ကတည်းက အရာတော်မြို့နယ်၊ ကမ်းပြူရွာ၊ ချမ်းသာရွာများတွင် တပ်စွဲထားပြီး အရာတော်-မုံရွာလမ်းပေါ်တွင်လည်း ကင်းပုန်းများချထားခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်အား ဒီဇင်ဘာ ၆ ရက် ညနေကတည်းက စစ်ဆင်ရေးများလုပ်ရန် စောင့်ဆိုင်းခဲ့ပြီး ဒီဇင်ဘာ ၇ရက်နေ့ နံနက်၆နာရီအချိန် ၎င်းတို့ကင်းပုန်းဝပ်ထွက်လာချိန် ၁၅ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

မြန်မာစစ်အုပ်စု၏ ဆိုးရွားသော ရာဇဝတ်မှုများကို အဆုံးသတ်ရန် ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးအနေဖြင့် ပိုမိုပြတ်သားပြင်းထန်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ရန်လည်း တောင်းဆို ထားသည်။

သတင်း

မိုးကုတ်မြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်အား ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံထားရသည်။

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၅ရက်) ငါန်းဇွန်မြို့အထွက် အနောက်ဘက်ဂိတ်ကို မြင်းခြံနှင့် ငါန်းဇွန်အခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့များက (၄၀)မမ လက်နက်ကြီးဖြင့်သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်မှုများ မကြာခဏ ​ဖြစ်ပွားလေ့ရှိသည်။