Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်တွင်စစ်ကာင်စီတပ်စစ်​ကြောင်းကိုPDFများပူး​​ပေါင်းတိုက်ခိုက်

မြောင်မြို့နယ်တွင် ဒီဇင်ဘာလ ၆ ရက်ကလည်း ရွှေဘုံသာရွာကို မီးလာရှို့သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးသေဆုံးခဲ့သည်။

(CDSOM မှ တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-CDSOM)
(CDSOM မှ တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-CDSOM)

မြောင်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲ၌ စစ်ကောင်စီတပ်မှလေးဦးထက်မနည်းသေဆုံးခဲ့ကြောင်းမြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOMတာဝန်ခံ ကိုနွေဦးက​ပြောသည်။

ယမန်နေ့(ဒီဇင်ဘာလ ၁၀ရက်)နံနက်ကမြောင်မြို့ ဆင်ခေါင်းတောင်အရှေ့ဘက် တောင်ကြောသို့ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏စစ်ကိုင်းခရိုင် တပ်ရင်း (၆)တပ်ခွဲ(၃)နှင့် CDSOM ပါဝင်သော မဟာမိတ်များက ပူး​ပေါင်းမိုင်းခွဲတိုက်ခိုက်ခဲ့​​​ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတိုက်ခိုက်တော့ဖွားစောရွာထဲဝင်သွားပြီး ပျောက်သွားတာ။သူတို့ဖက်က၄ယောက်သေတာနဲ့၆ယောက်ဒဏ်ရာရတာကို ညနေကျမှ အတည်ပြုနိုင်ပါတယ်။ အခုထိလည်း ဖွားစောရွာထဲမှာ ရှိနေသေးတယ် “ဟုCDSOMတာဝန်ခံ ကိုနွေဦးက ပြောသည်။

အဆိုပါစစ်​ကောင်စီတပိစစ်ကြောင်းကြောင့် ကျေးရွာ ၄ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်း​ရှောင်နေကြရသည်ဟု လည်းသိရသည်။စစ်ဘေးရှောင်ပြည်သူများကိုNUG၏အမျိုးသမီး၊လူငယ် နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက လှူဒါန်း​သောစားနပ်ရိက္ခာများကိုသွား​ရောက်​ပေးဝေခဲ့​ကြောင်း၎င်းကဆက်​ပြောသည်။

“မနေ့ကတော့ NUGရဲ့အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနက လှုုတာတွေကို စစ်ဘေးရှောင်တွေရောက်နေတဲ့တောထဲအထိ လိုက်ဝေခဲ့တယ်။ သူတို့( ဝန်ကြီးဌာန)က စစ်ဘေးရှောင်သတင်းကို နားစွင့်နေပုံရတယ်။ ချက်ချင်းလာကူညီထောက်ပံတယ်”ဟု ကိုနွေဦးကပြောသည်။

မြောင်မြို့နယ်တွင် ဒီဇင်ဘာလ ၆ ရက်ကလည်း ရွှေဘုံသာရွာကို မီးလာရှို့သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးသေဆုံးခဲ့သည်။

You May Also Like

သတင်း

တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရဲဝင်းထွန်း၏တိုက်အိမ်နှင့် ကားတစ်စီးပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း

ဒီဇင်ဘာလ ၈ ရက်ကတည်းက ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းနေခြင်းဖြစ်ကြောင်း People's Servant Revolution-Wetlet အဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်က TNLA တပ်စခန်း ရှိရာသို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသတွင်းရှိ ရွာ ၄ရွာမှပြည်သူ ၁၀၀၀ ခန့် စစ်ဘေးရှောင်နေရသည်ဟု TNLAက အသိပေးသည်။

သတင်း

ယနေ့နံနက် ၆ နာရီခွဲဝန်းကျင်က ကျောက်ပျဥ်သာတိုက်နယ်အတွင်း ပစ်ခတ်သံများဆူညံနေကြောင်း ဒေသခံများက ​ပြောသည်။