Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်က PDFအယောင်ဆောင်ကာ ခရီးသွားများအား ငွေတောင်းခံနေ

ဒီဇင်ဘာလ ၈ ရက်ကတည်းက ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းနေခြင်းဖြစ်ကြောင်း People’s Servant Revolution-Wetlet အဖွဲ့က အသိပေးသည်။

ရွှေဘို - မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်က PDFအယောင်ဆောင်ကာ ခရီးသွားများအား ငွေတောင်းခံနေ
ရွှေဘို - မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်က PDFအယောင်ဆောင်ကာ ခရီးသွားများအား ငွေတောင်းခံနေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က PDFအဖွဲ့အယောင်ဆောင်ကာ ခရီးသွားပြည်သူများအား ခြိမ်းခြောက်ငွေတောင်းနေကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ရွှေဘို – မန္တလေးလမ်း၊ စိုင်နိုင်ကွေ့အနီးတွင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သည် PDF ယူနီ ဖောင်းများ၊ PDF အများစုကိုင်ဆောင်သည့် M-22 သေနတ်များဖြင့် PDF အယောင်ဆောင်ကာ ငွေကြေးတောင်းခံနေခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၈ ရက်ကတည်းက ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းနေခြင်းဖြစ်ကြောင်း People’s Servant Revolution-Wetlet အဖွဲ့က အသိပေးသည်။

“ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး အယောင်ဆောင်ပုံဖျက် အခွန်ကောက်နေ့ခဲ့တာ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ လေးရက်ရှိနေပါပြီ။ စကောက်ခံတဲ့နေ့က စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့ဘေးမှာ NLD အလံထောင်ခဲ့ကြပါသေးတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်က PDFအားပုံဖျက်သည့်အနေဖြင့် ငွေကြေးကောက်ခံနေသောကြောင့် ပြည်သူများ သတိပြုသွားလာကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

You May Also Like

သတင်း

"KTVမှာဝင်ဖမ်းတာ။ ကျန်တဲ့သူတွေကထွက်ပြေးသွားတာ။ နှစ်ယောက်တော့ရလိုက်တယ်" ဟု ယင်းဖြစ်စဥ်ကို သိ​သော ဒေသခံတစ်ဦးကပြောသည်။

သတင်း

တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရဲဝင်းထွန်း၏တိုက်အိမ်နှင့် ကားတစ်စီးပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း

စစ်ကောင်စီတပ်က TNLA တပ်စခန်း ရှိရာသို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသတွင်းရှိ ရွာ ၄ရွာမှပြည်သူ ၁၀၀၀ ခန့် စစ်ဘေးရှောင်နေရသည်ဟု TNLAက အသိပေးသည်။

သတင်း

ယနေ့နံနက် ၆ နာရီခွဲဝန်းကျင်က ကျောက်ပျဥ်သာတိုက်နယ်အတွင်း ပစ်ခတ်သံများဆူညံနေကြောင်း ဒေသခံများက ​ပြောသည်။