Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီ၏က​လေးခရိုင်မြန်မာ့စီးပွား​ရေးဘဏ်မန်​နေဂျာနှင့် တပ်ကြပ်တစ်ဦးKTV တွင်သီချင်းဆို​စဥ်အဖမ်းခံရ

“KTVမှာဝင်ဖမ်းတာ။ ကျန်တဲ့သူတွေကထွက်ပြေးသွားတာ။ နှစ်ယောက်တော့ရလိုက်တယ်” ဟု ယင်းဖြစ်စဥ်ကို သိ​သော ဒေသခံတစ်ဦးကပြောသည်။

ဦးထွန်းထွန်းနိုင်နှင့် ၎င်း၏ မိသားစု
ဦးထွန်းထွန်းနိုင်နှင့် ၎င်း၏ မိသားစု

▪︎ဖမ်းဆီးခံရ​သော ဘဏ်မန်​နေဂျာ၏​ဖေစ်ဘွခ်အ​​ကောင့်တွင် ​တော်လှန်​ရေးပိုစ်များဆက်တိုက်တင်​နေ

စစ်​ကောင်စီ၏ကလေးခရိုင်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့် စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦးတို့ KTV တွင် သီချင်းဆိုနေစဥ် လူတစ်စုက ဖမ်းဆီးသွားကြောင်း ကလေးမြို့ခံများကပြောသည်။

ကလေးခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာဦးထွန်းထွန်းနိုင်နှင့် စစ်ကောင်စီတပ်မှတပ်ကြပ်တစ်ဦးကို ကလေးမြို့ပေါ်ရှိ KTVတစ်ခုတွင် အမည်မသိလက်နက်ကိုင်များက ယမန်နေ့(ဒီဇင်ဘာလ ၁ဝရက်)ညတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

“KTVမှာဝင်ဖမ်းတာ။ ကျန်တဲ့သူတွေကထွက်ပြေးသွားတာ။ နှစ်ယောက်တော့ရလိုက်တယ်” ဟု ယင်းဖြစ်စဥ်ကို သိ​သော ဒေသခံတစ်ဦးကပြောသည်။

ဦးထွန်းထွန်းနိုင်သည် Tun Tun Naing အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူဖြစ်ပြီးဖမ်းဆီးခံရပြီးနောက်၎င်း၏အကောင့်တွင် ​နွေဦးတော်လှန်ရေးနှင့်ပတ်သက်သော စာများရေးတင်​နေသည်ကိုတွေ့ရသည်။

“​သွေး​ကြွေးမှာ​ဆွေး​နွေးစရာမရှိ မ— မင်း​အောင်လှိုင်” ၊ “အ​ရေး​​တော်ပုံ​အောင်ရမည်” ၊”အ​မေစုကျန်းမာပါ​စေ” စ​သောစာများ​ရေးသားတင်ထားသလို ၊က​လေးPDF လိုဂိုနှင့် က​လေးမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရ​သော PDFအမျိုးသမီး ၉ ဦး၏ ဓါတ်ပုံကိုလည်းတင်ထားသည်။

“ဖမ်းသွားသူတွေက သူ့အကောင့်ကို ယူပြီး တင်နေကြတာ။ မင်းအောင်လှိုင်ကိုလည်းဆဲထားတယ်။မြို့မှာတော့ပွဲဖြစ်နေကြတယ်။ ရယ်နေရတယ်” ဟု က​လေးမြို့ခံတစ်ဦးကပြောသည်။

ဦးထွန်းထွန်းနိုင်နှင့် စစ်ကောင်စီတပ်ဖွဲ့တပ်ကြပ်တစ်ဦး ဖမ်းဆီးခံရသည့်သတင်းနှင့်ပတ်သက်၍ People’s Defence Force (Kalay) သို့မေးမြန်းရာမသိရှိသေးဟု ဖြေကြားသည်။

You May Also Like

သတင်း

ယောရွာထဲမှာ ပျုစောထီးသင်တန်းပေးဖို့အတွက် စစ်ကောင်စီတပ်ဟာ တပ်စွဲထားတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရဲဝင်းထွန်း၏တိုက်အိမ်နှင့် ကားတစ်စီးပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း

ဒီဇင်ဘာလ ၈ ရက်ကတည်းက ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းနေခြင်းဖြစ်ကြောင်း People's Servant Revolution-Wetlet အဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်က TNLA တပ်စခန်း ရှိရာသို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသတွင်းရှိ ရွာ ၄ရွာမှပြည်သူ ၁၀၀၀ ခန့် စစ်ဘေးရှောင်နေရသည်ဟု TNLAက အသိပေးသည်။