Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုမြို့နယ် ပူဖားရွာတိုက်ပွဲတွင် KNDF ရဲဘော်သုံးဦးကျဆုံးခဲ့ရ

ဒီဇင်ဘာ ၃ ရက်က ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ ကျော်သေဆုံးပြီး လေးဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများကို KNDFက သိမ်းဆည်းရမိခဲ့သည်။

ကျဆုံးခဲ့သော ရဲဘော်သုံးဦး၏ နာရေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ - KNDF
ကျဆုံးခဲ့သော ရဲဘော်သုံးဦး၏ နာရေးပြုလုပ်နေစဥ်၊ ဓာတ်ပုံ - KNDF

ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာတိုက်ပွဲတွင် ရဲဘော်သုံးဦးကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း (၆)က ယနေ့(ဒီဇင်ဘာ ၁၁ ရက်) ထုတ်ပြန်သည်။

ကျဆုံးခဲ့သည့် ရဲဘော်စတီးဖင်း၊ ရဲဘော်ဒါးဝီမောင်ငယ် နှင့် ရဲဘော်ဂျေနေဦးတို့သည် ဒီဇင်ဘာ ၇ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် အပြန်အလှန်ပစ်ခတ်ရင်း ပူဖားကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဟု ဆိုသည်။

“အဲဒီနေ့က စကစက စစ်ကြောင်းသုံးခုနဲ့ ထိုးစစ်ဆင်တဲ့အချိန် နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်။စကစဘက်က သေဆုံးတဲ့သူက ဆယ်ဂဏန်းအထက်ရှိတယ်။အချိန်တန်ရင် တပ်ရင်းက သီး ခြားထုတ်ပြန်ပါလိမ့်မယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

လက်ရှိအချိန်အထိ ပူးဖား၊ သေးဆူလဲနှင့် ကုန်းသာကျေးရွာများအနီးတွင် စစ်ကောင်စီ စစ်ကြောင်းများနှင့် ကရင်နီပူးပေါင်းတပ်များ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ရဲဘော်စတီးဖင်း၊ရဲဘော်ဒါးဝီမောင်ငယ် နှင့် ရဲဘော်ဂျေနေဦးတို့​ ကျဆုံးမှုမှာ များစွာသောဆုံးရှုံးမှုဖြစ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၆)မှ အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်အလေးပြုကြောင်း အသိပေးထားသည်။

နိုဝင်ဘာ ၂၈ ရက်ကစ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) မှဦးဆောင်၍ ကရင်နီတပ်မတော်(KA) ၊အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO PDF၊ Loikaw PDF တို့နှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့် ဒေါကမီးကျေးရွာများတွင် နယ်မြေစိုးမိုးရေး ပူးပေါင်းစစ်ဆင်ရေး တစ်ရပ် ဆင်နွဲခဲ့သည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မြေပြင် ၊ဝေဟင်ပစ်ကူများဖြင့်ဆုံးရှုံးခဲ့သည့် နယ်မြေ များကို ပြန်လည်ရယူရန် ယခုလ ၃ရက်ကစ၍ ထိုးစစ်ဆင်နေခြင်းလည်း ဖြစ်သည်။

ဒီဇင်ဘာ ၃ ရက်က ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ ကျော်သေဆုံးပြီး လေးဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများကို KNDFက သိမ်းဆည်းရမိခဲ့သည်။

You May Also Like

သတင်း

PNFCက ယနေ့(ဒီဇင်ဘာ ၁၁ရက်) ကျင်းပသည့် (၇၃)နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် အထပ်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

အဆိုပါ CDM တပ်ကြပ်ကြီးသည် ယခုနှစ် ဇန်နဝါရီ၁ရက်တွင် ပြည်သူ့ဘက်ရပ် တည်လာခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်က TNLA တပ်စခန်း ရှိရာသို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသတွင်းရှိ ရွာ ၄ရွာမှပြည်သူ ၁၀၀၀ ခန့် စစ်ဘေးရှောင်နေရသည်ဟု TNLAက အသိပေးသည်။

သတင်း

ဒီဇင်ဘာ ၇ရက်က ကုန်းသာကျေးရွာသို့ အင်အား ၂၀၀ ခန့်ပါစစ်ကြာင်းသုံးခု ဖြင့်ထိုးစစ်ဆင်လာသည့်စစ်ကောင် စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တို့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။