Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ် ယောရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ယောရွာထဲမှာ ပျုစောထီးသင်တန်းပေးဖို့အတွက် စစ်ကောင်စီတပ်ဟာ တပ်စွဲထားတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။

ကန့်ဘလူနယ် ယောရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
ကန့်ဘလူနယ် ယောရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထဲက ယောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပျုစောထီးတွေကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူနယ် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

ယောရွာထဲမှာ ပျုစောထီးသင်တန်းပေးဖို့အတွက် စစ်ကောင်စီတပ်ဟာ တပ်စွဲထားတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။

ဒါကြောင့် ဒီနေ့ နေ့လယ်ပိုင်း ၁ နာရီခွဲခန့်မှာ Kanbalu Underground Warriors မြေပြင်လှုပ်ရှားညီနောင်များ၊ လင်းယုန်နီ နဲ့ ကန့်ဘလူတောင်ခြမ်း Local အဖွဲ့တွေ လက်နက်ကြီး နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
Public Service Announcement

အပြန်အလှန်ပစ်ခတ်မှုလည်း ၁၅ မိနစ် နီးပါး ဖြစ်ခဲ့ပြီး ဒေသကာကွယ်ရေး အင်းအားစုတွေ အထိအခိုက်မရှိ ဆုတ်ခွာလာခဲ့တယ်လို့ လည်းသိရပါတယ်။

စစ်ကိုင်းတိုင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်ဆိုပြီး ဒေသခံတွေကို လက်နက်တပ်ဆင်ပေးတာတွေရှိပါတယ်။

You May Also Like

သတင်း

ယနေ့(ဒီဇင်ဘာ ၁၁ ရက်) နေ့လည်ပိုင်းက လွိုင်ကော်မြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ သံ ငါးကြိမ်ထက်မနည်းရှိခဲ့သည်ဟု ​ဒေသခံအချို့က​ပြောသည်။

သတင်း

"KTVမှာဝင်ဖမ်းတာ။ ကျန်တဲ့သူတွေကထွက်ပြေးသွားတာ။ နှစ်ယောက်တော့ရလိုက်တယ်" ဟု ယင်းဖြစ်စဥ်ကို သိ​သော ဒေသခံတစ်ဦးကပြောသည်။

သတင်း

တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရဲဝင်းထွန်း၏တိုက်အိမ်နှင့် ကားတစ်စီးပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း

ဒီဇင်ဘာလ ၈ ရက်ကတည်းက ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းနေခြင်းဖြစ်ကြောင်း People's Servant Revolution-Wetlet အဖွဲ့က အသိပေးသည်။