Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီ​​တော်လှန်​ရေးများကလွိုင်​ကော်​​လေဆိပ်နှင့် ခမရ ၂၆၁ ကို​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်

ယနေ့(ဒီဇင်ဘာ ၁၁ ရက်) နေ့လည်ပိုင်းက လွိုင်ကော်မြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ သံ ငါးကြိမ်ထက်မနည်းရှိခဲ့သည်ဟု ​ဒေသခံအချို့က​ပြောသည်။

(စစ်​ကောင်စီအတွက် လက်နက် ခဲယမ်းအဓိကသယ်ယူ​နေ​) လွိုင်​ကော် ​​လေဆိပ်ကိုGoogle Map တွင်​တွေ့ရပုံ
(စစ်​ကောင်စီအတွက် လက်နက် ခဲယမ်းအဓိကသယ်ယူ​နေ​) လွိုင်​ကော် ​​လေဆိပ်ကိုGoogle Map တွင်​တွေ့ရပုံ

စစ်ကောင်စီတပ်၏လက်နက်ခဲယမ်းများကိုအဓိကသယ်ယူပို့ဆောင်နေသည့် လွိုင်ကော်လေဆိပ်အပါအဝင် လွိုင်​​ကော်မြို့ရှိစစ်​ကောင်စီတပ်၏ ခလရ(​ခြေလျင်တပ်ရင်း) ၂၆၁ တပ်တို့ကို ပစ်မှတ်ထား၍ ကရင်နီ​တော်လှန်​ရေးအင်အားစုများက ​ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီစစ်ရေးသတင်းရင်း မြစ်များနှင့် ​ဒေသခံအချို့ကပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၁ ရက်) နေ့လည်ပိုင်းက လွိုင်ကော်မြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ သံ ငါးကြိမ်ထက်မနည်းရှိခဲ့သည်ဟု ​ဒေသခံအချို့က​ပြောသည်။

“လေဆိပ်ဝင်းထဲ မှာဗုံးကျတယ်ဆိုတာအနီးစပ်ဆုံး အတည်ပြုနိုင်တယ်။ဘာလို့လဲ ဆို ဒီနေ့ ညနေ ပိုင်းကစလို့ စ-တွေခြေရှုပ်နေတယ်။နောက်ပြီး အခု ည လွိုင်ကော်မှာ ကင်းပုန်းတွေ အပြင် စစ်ကားတချို့ပါလှည့်နေတာ ရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကရင်နီ​တော်လှန်​ရေးအဖွဲ့များကပူး​ပေါင်း၍ လွိုင်​ကော်မြို့​လေဆိပ်နှင့် ခမရ ၂၆၁ တို့ထံ​ရှော့ဆိုက်ဒုံးဖြင့်တိုက်ခိုက်ရာတွင် လွိုင်​ကော်​​လေဆိပ်အတွင်း ကိုတစ်လုံးကျ​ရောက်​ပေါကွဲပြီး ၊ ခမရ ၂၆၁အ​မြောက်တပ်အတွင်း တစ်လုံးကျ​ရောက်ခဲ့​ကြောင်းအခြားသတင်းရင်းမြစ်တစ်ဦးက ​ပြောသည်။

သို့သော် စစ်ကောင်စီ၏ ခလရ ၂၆၁ တပ်ရင်း အတွင်း ကျရောက်ပေါက်ကွဲမှု ရှိခဲ့သည်ကို မူလူထုနွေဦးအနေဖြင့်အတည်မပြုနိုင်​သေး​ပေ။

“လွိုင်ကော်လေဆိပ် အပြင် ဘီးလူးချောင်း ဘက်မှာရှိတဲ့ စခ တပ်ရင်း တစ်ခု ကို လက်နက် ကြီးနဲ့ တိုက်တယ်ဆိုတာပဲ သိရသေးတယ်။ကျန် တဲ့ အသေးစိတ်တော့ ပြောပြလို့လည်း မရသေးဘူး။သိလည်း မသိရသေးဘူး”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလူထုနွေဦးသို့ ​ပြောသည်။

​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှုများနှင့် ဆက်စပ်၍ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ထံမေးမြန်းဆက်သွယ်ထား​သော်လည်းအကြောင်းပြန်ခြင်းမရှိသေးပေ။

လွိုင်ကော်မြို့နယ်တွင် စစ်ရေးအရ နိုဝင်ဘာ နောက်ဆုံးပတ်က ပါလောင်း နှင့် ဒေါတယို့ကျေး ရွာ တို့တွင်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ထိုတိုက်ပွဲတွင် စစ် ကောင်စီတပ်သား ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ် ရင်း ၂ က ထုတ်ပြန်ထား သည်။

You May Also Like

သတင်း

ယောရွာထဲမှာ ပျုစောထီးသင်တန်းပေးဖို့အတွက် စစ်ကောင်စီတပ်ဟာ တပ်စွဲထားတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။

သတင်း

မြောင်မြို့နယ်တွင် ဒီဇင်ဘာလ ၆ ရက်ကလည်း ရွှေဘုံသာရွာကို မီးလာရှို့သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးသေဆုံးခဲ့သည်။

သတင်း

ယနေ့(ဒီဇင်ဘာ ၁၀ရက်)တွင် နံနက်အစောပိုင်းမှစ၍ နှစ်ဖက် မြေပြင်ရင်ဆိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ တိုက်လေယာဉ် နှစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ရဟတ်ယာဉ်ဖြင့် လေကြောင်း ပစ်ကူ ခြောက်ကြိမ်ပြုလုပ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

သတင်း

နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရပြီး လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာများရှိ နေအိမ်များ ပျက်စီးမှု ရှိခဲ့သည်။