Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KTV တွင်ဖမ်းဆီးခဲ့​သော စစ်​ကောင်စီဝန်ထမ်းနှစ်ဦးကို NUG ကအကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်

“ပြည်သူ့ရဲချုပ်ရုံးရဲ့ညွှန်ကြားချက်ရပါပြီ။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ တရားစွဲမှာပါ” ဟုရဲမှုးအောင်ကြီးကပြောသည်။

(ဖမ်းဆီးခံထားရ​သော စစ်​ကောင်စီ ဝန်ထမ်းနှစ်ဦး။ ဓါတ်ပုံ- KPS)
(ဖမ်းဆီးခံထားရ​သော စစ်​ကောင်စီ ဝန်ထမ်းနှစ်ဦး။ ဓါတ်ပုံ- KPS)

ကာရာအို​ကေနှင့် အနှိပ်ခန်းတွင် ပိတ်ဆို့ဖမ်းဆီးခဲ့​​သောစစ်​ကောင်စီ၏ကလေးခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့်အငယ်တန်းစာရေးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်လိုက်ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း) ရဲမှုးအောင်ကြီးက People’s Springသို့ပြောသည်။

“ပြည်သူ့ရဲချုပ်ရုံးရဲ့ညွှန်ကြားချက်ရပါပြီ။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ တရားစွဲမှာပါ” ဟုရဲမှုးအောင်ကြီးကပြောသည်။အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်ရုံး၏ ညွှန်ကြားချက်အရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့်တရားစွဲလိုက်ခြင်းဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း) မှ ရဲမှူးကြီးက​​ရှင်းပြသည်။

ကလေးခရိုင်မြန်မာ့စီးပွါးရေးဘဏ် မန်နေဂျာ ထွန်းထွန်းနိုင်နှင့် အငယ်တန်းစာရေး ငြိမ်းခန့်ဇော်ကို ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် BMB ကာရာအို​ကေနှင့် အနှိပ်ခန်းတွင် ဒီဇင်ဘာလ ၁၀ရက်နေ့လည်က PDF က​လေး တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သုံးဦးအား တပ်ဖွဲ့ထိန်းချုပ်ရာနယ်မြေသို့ ခေါ်ဆောင်စဉ် တပ်ကြပ်မင်းဇော်ဦးက ပြန်လည်ခုခံသဖြင့်အသေပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ထို့အပြင်တရားခံများအား နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းများနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားသည်ဟုလည်း ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

"KTVမှာဝင်ဖမ်းတာ။ ကျန်တဲ့သူတွေကထွက်ပြေးသွားတာ။ နှစ်ယောက်တော့ရလိုက်တယ်" ဟု ယင်းဖြစ်စဥ်ကို သိ​သော ဒေသခံတစ်ဦးကပြောသည်။

သတင်း

အဆိုပါ CDM တပ်ကြပ်ကြီးသည် ယခုနှစ် ဇန်နဝါရီ၁ရက်တွင် ပြည်သူ့ဘက်ရပ် တည်လာခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို လက်နက်အားကိုး၊လုယူပြီးနောက် ကျေးလက်နေ ပြည်သူပိုင်နေအိမ်များ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းပြုလုပ်နေရုံသာမက၊ မြို့ပြနေပြည်သူများ၏ နေအိမ်များကိုပါ အတင်းအဓမ္မ ဖျက်ဆီး၍ မြို့ပြမြေယာများအား အဓမ္မလုယက်လျက်ရှိသည်ဟု NUGက ဆိုသည်။

သတင်း

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ဥရောပပါလီမန်သို့ မြန်မာ့အရေး ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတကာအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို မဖြစ်မနေ အသိအမှတ်ပြုရမည်ဟု ထည့်သွင်းပြောကြားသည်။