Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ်တွင် ကင်းလှည့်နေသော စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပျူ နှစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း တန့်ဆည်(ပကဖ)သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ဆင်ရေးတစ်ခု သွားရောက်နေသည့် တန့်ဆည်ပကဖရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ-တန့်ဆည်(ပကဖ)
စစ်ဆင်ရေးတစ်ခု သွားရောက်နေသည့် တန့်ဆည်ပကဖရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ-တန့်ဆည်(ပကဖ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများအား တိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၁ ရက်) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က တန့်ဆည်မြို့နယ်၊ ဘေရင်းရွာသစ်အတွင်း စစ်ကောင်စီတပ်နှင့်ပျူများ ကင်းလှည့်လာစဥ် ပ.က.ဖ အဖွဲ့က တိုက်မိုင်း နှစ်ကြိမ်ခွဲကာ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပျူ နှစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း တန့်ဆည်(ပကဖ)သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

” မိုင်းတွေက တိုက်မိုင်းနှစ်လုံးထောင်ထားတာ။ မနက်ခင်းစောစောပိုင်းကို ကင်းလှည့်တာခေါ်မှာပေါ့။ တစ်ပွိုင့်ပဲမိတာ။”ဟု ၎င်းတာဝန်ခံက ပြောသည်။

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒီဇင်ဘာ၄ရက်နှင့်၅ရက်က သာဂေါင်ကြီးရွာရှိ နေအိမ် ၇၆လုံး၊ ကမ်းဖြူရွာရှိ နေအိမ် ၄၀လုံး၊ ဝက်တိုးရွာရှိ နေအိမ် ၁၇ လုံးနှင့် ပုတီးကျေးရွာရှိနေအိမ် ၆ လုံး စုစုပေါင်း ၁၃၉ လုံး ထပ်မံမီးရှို့ဖျက်ဆီးသွားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တန့်ဆည်မြို့နယ်တွင် ရွာလုံးကျွတ်မီးရှို့ခံရသောကျေးရွာ ၇ ရွာအပါအဝင် ကျေးရွာ ၇၄ ရွာမှ နေအိမ်ပေါင်း ၂,၅၀၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

နေအိမ် အလုံး ၃၀၀ကို အိမ်တိုင်များလှီးဖြတ်ခြင်းကဲ့သို့ ဖျက်ဆီးခြင်းခံခဲ့ရသည်။ သာသနိကအဆောက်အဦး ၉ လုံး၊ ကျေးရွာစာကြည့်တိုက် တစ်ခုနှင့် ဆေးခန်းတစ်ခုလည်းမီးရှို့ဖျက်ဆီး ခံခဲ့ရသည်။

You May Also Like

သတင်း

မြိုင်(ပကဖ)နှင့် မဟာမိတ်အဖွဲ့များသည် ယနေ့( ဒီဇင်ဘာ၁၀ရက်)နံနက်၆နာရီခန့်ကလည်း စက်မှု(၂)မှ ပြန်လာသော စစ်ကောင်စီယာဉ်တန်းအား မိုင်းပွိုင့် ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ဒီဇင်ဘာ ၇ရက် နံနက် ၆နာရီခန့်က အရာတော် - မုံရွာလမ်းမပေါ်ရှိ ချမ်းသာရွာဘုန်းကြီးကျောင်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများနှင့် မဟာမိတ်တပ်ဖွဲ့များ ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

သတင်း

မြန်မာစစ်အုပ်စု၏ ဆိုးရွားသော ရာဇဝတ်မှုများကို အဆုံးသတ်ရန် ဗြိတိန်နိုင်ငံခြားရေး၀န်ကြီးအနေဖြင့် ပိုမိုပြတ်သားပြင်းထန်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ရန်လည်း တောင်းဆို ထားသည်။

သတင်း

မိုးကုတ်မြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်အား ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံထားရသည်။