Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလတွင် မြန်မာကိုယ်စားပြုထိုင်ခုံနေရာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ရရှိ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို NLD အရပ်သားအစိုးရက ခန့်အပ်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းချိန်တွင် သံအမတ်ကြီးက မြန်မာပြည်သူများနှင့် တသားတည်း ရပ်တည်ခဲ့သည်။

၂၀၂၂၊ နိုဝင်ဘာ ၁ ရက်တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားစဉ်၊ဓာတ်ပုံ - UN
၂၀၂၂၊ နိုဝင်ဘာ ၁ ရက်တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားစဉ်၊ဓာတ်ပုံ - UN

▪️စစ်ကောင်စီအဆိုပြုသံအမတ်ကို ကုလသမဂ္ဂ ပယ်ချ

ကုလသမဂ္ဂသည် မြန်မာစစ်ကောင်စီအဆိုပြုသည့် သံအမတ်ကို ပယ်ချခဲ့ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်လိုက်ကြောင်း NUG သတင်းဌာန PVTV က ဖော်ပြသည်။

ယမန်နေ့တွင် ကျင်းပသော ကုလသမဂ္ဂအစည်းအဝေးအတွင်း ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ(UN Credentials Committee)က မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို နောက်ထပ်တစ်နှစ်ဆက်လက်ထားရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Credentials Committee က အတည်ပြုကြေညာချက် မထွက်ပေါ်မီအထိ တရားဝင်မပြောဆိုလိုသော်လည်း ၎င်းကို ဆက်လက်ခန့်အပ်ကြောင်း သဘောတူထားသည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက VOA အင်္ဂလိပ်ပိုင်းကိုပြောကြားထားသည်။

အစောပိုင်းကတည်းက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် ရုရှားမှလွဲ၍ Credentials Committee အတွင်းသဘောတူညီမှုရရှိခဲ့ကြောင်း၊ သဘောတူညီချက်ကို ရုရှားက ဖျက်ဆီးမည်ကိုစိုးရိမ်သဖြင့် နှောင့်နှေးနေခြင်းဖြစ်ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို NLD အရပ်သားအစိုးရက ခန့်အပ်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းချိန်တွင် သံအမတ်ကြီးက မြန်မာပြည်သူများနှင့် တသားတည်း ရပ်တည်ခဲ့သည်။

ထိုသို့ရပ်တည်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီက သံအမတ်ကြီးကို ရာထူးမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သော်လည်း ကုလသမဂ္ဂက လက်ရှိအချိန်အထိ မြန်မာကိုယ်စားပြု ထိုင်ခုံကို သံအမတ်ကြီးကို ဦးကျော်မိုးထွန်းကို ခန့်အပ်အတည်ပြုထားသည်။

You May Also Like

သတင်း

အိန္ဒိယ၊ သီရိလင်္ကာ၊ ဆော်ဒီအာရေးဘီးယားနဲ့ ဘီလားရုစ်တို့ အပါအဝင် နိုင်ငံတချို့ကတော့ မြန်မာနိုင်ငံကို သံအမတ်တွေ စေလွှတ်ပြီး မင်းအောင်လှိုင်ကို သံတမန်ရေးအရ အသိအမှတ်ပြု ဆက်ဆံနေကြောင်း သိရပါတယ်။

သတင်း

စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းဖို့ကြိုးပမ်းစဥ်ကစလို့ ဖြတ်လေးဖြတ်မဟာဗျူဟာကို ကျင့်သုံးခဲ့ရာ မြို့နယ်ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်တောက်တာ၊ နိုင်ငံသားဆိုင်ရာအခန်းကဏ္ဍဆုတ်ယုတ်​စေတာ အပါအဝင် များပြားလှတဲ့အရေးယူကန့်သတ်မှုတွေကို လုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းများအနက်တစ်ခုဖြစ်သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ထံ တောင်ကိုရီးယား၏ POSCO နိုင်ငံတကာကုမ္ပဏီ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ငွေကြေးစီးဝင်နေဆဲဖြစ်ကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြသည်။

သတင်း

တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်လက်အောက်ခံ တရားရုံးများမှ သေဒဏ်ချမှတ် ထားသည့်အမှု (၁၂၆)ခုရှိပြီး ယင်းအနက် (၄၂) ခု ကို ကာယကံရှင်မျက်ကွယ်၌ ချမှတ်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်၏ ဥပဒေမဲ့သတ်ဖြစ်ခြင်းအောက်၌ သေဒဏ်ချမှတ်ခြင်းခံရန် စောင့်ဆိုင်းနေရသူ (၈၄) ဦး ရှိနေသည်။