Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

LGBT အရေး လှုပ်ရှားသူ စူးရှရှင်းသန့် နှစ်ရှည်ထောင်ဒဏ်ချခံရ

အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် ရုံးချိန်းမှာ ထောင်ချလိုက်တာ လို့ တရားရေးအသိုင်းအဝိုင်းကတဆင့်သိရပါတယ်။

LGBT အရေး လှုပ်ရှားသူ စူးရှရှင်းသန့် နှစ်ရှည်ထောင်ဒဏ်ချခံရ
LGBT အရေး လှုပ်ရှားသူ စူးရှရှင်းသန့် နှစ်ရှည်ထောင်ဒဏ်ချခံရ

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ LGBT အရေးလှုပ်ရှားသူ စူးရှ ရှင်းသန့်ကို စစ်ကောင်စီ မန္တလေး အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂၂ နှစ် ချလိုက်တယ်လို့ စုံစမ်းသိရပါတယ်။

အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် ရုံးချိန်းမှာ ထောင်ချလိုက်တာ လို့ တရားရေးအသိုင်းအဝိုင်းကတဆင့်သိရပါတယ်။

အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

စူးရှရှင်းသန့်ကို ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလအတွင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စူးရှရှင်းသန့်ဟာ လိင်ပြောင်း အမျိုးသမီးတစ်ဦးဖြစ်ပြီး LGBTQI အရေး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်ကာ ၊ Protection of Violence Against Women (POVAW) ဥပဒေကြမ်း ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းကြနေတဲ့လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူ လည်းဖြစ်ပါတယ်။

You May Also Like

သတင်း

ခန္တီးမြို့မှ မအေးသီရိဆိုသော အသက်(၂၇)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၂ရက်က ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

သတင်း

ပါမောက္ခရှောင်တာနဲလ်သည် NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလဆန်းတွင် ဖမ်းဆီးခံခဲ့ရသည်။

သတင်း

"၂ ဖွဲ့ပေါင်း ၅ ယောက်ပါ၊ ဂျက်စတင်အပါအဝင်။ အား လုံး(အဖမ်းခံရတယ်)ယူဆပါတယ်။ သေချာသလောက်ဖြစ်နေပါပြီ"ဟု LGBT Union Mandalay ယာယီအုပ်ချုပ်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။

သတင်း

LGBT Union Mandalay နှင့် လူငယ်သမဂ္ဂဗဟိုတို့ပူးပေါင်းပြီး ရန်ကုန်မြို့တစ်နေရာတွင် စစ်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့သော ဖဲကြိုးနက်ကမ်ပိန်းမှာ ၎င်းတို့နှစ်ဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့သည့် နောက်ဆုံးလှုပ်ရှားမှု ဖြစ်သည်။