Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ် ပခန်းကြီး၌ စစ်အုပ်စုနှင့် PDF တို့တိုက်ပွဲဖြစ်

ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ရေစကြိုမြိုနယ်၊ပခန်းကြီးကျေးရွာ အနောက်ဘက်တွင် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက် ခဲ့သည်။

(ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(၁) ၊တပ်ခွဲ - ၁ အဖွဲ့ဝင်များအား တွေ့ရစဥ်)
(ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(၁) ၊တပ်ခွဲ - ၁ အဖွဲ့ဝင်များအား တွေ့ရစဥ်)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့နယ် ဟောင်းကျေးရွာ၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF သုံးဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံရသည့်ပြည်သူတစ်ဦးအား ကယ်ထုတ်နိုင်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(၁)၊ တပ်ခွဲ – ၁က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ရေစကြိုမြိုနယ်၊ပခန်းကြီးကျေးရွာ အနောက်ဘက်တွင် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက် ခဲ့သည်။

ထို့နောက် ပြည်သူတစ်ဦးအား ဖမ်းဆီးပြီးနောက် မြေခဲတောင်ရွာအားဝင်ရောက်ရန် ထွက်ခွာလာချိန် မဟာမိတ် သုံးဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (၁)၊တပ်ခွဲ-၁က အသိပေးသည်။

မဟာမိတ်ရဲဘော်များနှင့် စစ်ကောင်စီတပ်များအပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဖမ်းဆီးခံရသည့် ပြည်သူအား ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

(ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(၁) ၊တပ်ခွဲ - ၁ အဖွဲ့ဝင်များအား တွေ့ရစဥ်)
(ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(၁) ၊တပ်ခွဲ – ၁ အဖွဲ့ဝင်များအား တွေ့ရစဥ်)

စစ်ကောင်စီဘက်က လက်နက်အင်အားသာလွန် ၍ ဆုတ်ခွာခဲ့ပြီး စစ်အုပ်စုထိခိုက်မှုမသိရသေးကြောင်း၊ ရဲဘော်များအားလုံးအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးကို ပခုက္ကူမြို့ပြပြောက်ကျား တပ်ဖွဲ့-တပ်ခွဲ ၁ ၊ Urban Undergground Force၊ 27 Revolution Forceတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ပခုက္ကူမြို့ပြပြောက်ကျား တပ်ဖွဲ့-၁၊တပ်ခွဲ- ၁ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (၁)၊တပ်ခွဲ- ၁သည် ဒီဇင်ဘာ ၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ စဥ့်ကူနယ်မြေရဲစခန်းက စခန်းမှူးအပါအဝင် ရဲငါးဦးအား တက်မမှော်အတွင်းရှိ ဘီယာဆိုင်၌ ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ငါးဦးလုံးသေဆုံးပြီး လက်နက်လေးလက်ပါ သိမ်းဆည်းနိုင်ခဲ့သည်။

You May Also Like

သတင်း

ကုန်းသာရွာနှင့် အနီးဆုံးရွာဖြစ်သည့်ဟူးမန်းရွာနှင့်ပန်းအလောင်ရွာကိုလည်း စစ်ကောင်စီတပ် စစ်ကြောင်းများက ဝင်ရောက်မွှေနှောက်ကာ ငွေနှင့် ရွှေထည် ပစ္စည်းများယူဆောင်သွားသည်ဟု ဟူးမန်းရွာခံ အမျိုးသမီး၏ ပြောကြားချက်ကိုလည်း ဖော်ပြသည်။

သတင်း

ဗုံးတွေ့တဲ့နေရာတွေကတော့ ချမ်းမြသာစည်မြို့ထဲက မြဝတီဘဏ်ရှေ့နဲ့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်ရုံးတို့ဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပျူ နှစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း တန့်ဆည်(ပကဖ)သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သတင်း

"ဒီမနက်၇ နာရီလောက်ကတည်းကတိုက်ပွဲဖြစ်နေတာ။ ပြည်သူတွေ ကလေးမြောက်ပိုင်းဘက်ကိုအသွားအလာဒီနေ့ သတိပြုပေးပါ"ဟုကလေးမြို့ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။