Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဆို

ဒီနေ့ ထွက်ဆို တဲ့ ဝန်ကြီး ဦးမင်းသူကိုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာ သုံးတယ်ဆိုပြီး စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းထောင် ၃ နှစ်ချထားပါတယ်။

အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဆို
အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဆို

စစ်ကောင်စီက စွပ်စွဲထားတဲ့ ရဟတ်ယာဉ် အဂတိ အမှု အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူက သက်သေအဖြစ် အစစ်ဆေးခံလိုက်ပါတယ်။

NLD အစိုးရ လက်ထက်မှာ သဘာဝဘေးအတွက် ရဟတ်ယာဉ် ဌားရမ်းတာ ၊ရဟတ်ယာဉ် ဝယ်ယူရာမှာ ဘဏ္ဍာရေးစည်းမျည်းနဲ့မညီလို့ နိုင်ငံံဘဏ္ဍာငွေ ထိခိုက်တယ်ဆိုပြီး စစ်ကောင်စီက သမ္မတ ဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့က အဂတိနဲ့တရားစွဲဆိုထားတာပါ။

Public Service Announcement
Public Service Announcement

ဒီနေ့ နေပြည်တော်အချုပ်ထောင် စစ်ကောင်စီတရားရုံး မှာ သက်သေအဖြစ် ဝန်ကြီး ဦးမင်းသူ ထွက်ဆို ရာ NLD အစိုးရအဖွဲ့ဟာ ရဟတ်ယာဉ် ဌားရမ်းတာရော ၊ဝယ်ယူရာမှာ မှာ ဘဏ္ဍာရေးစည်းမျည်းနဲ့အညီ ဆောင်ရွက်ခဲ့တဲ့အကြောင်းထွက်ဆိုသွားတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကတဆင့်သိရပါတယ်။

မနေ့ကလည်း NLD အစိုးရ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ဒေါ်အောင်ဆန်းစုကြည်ဘက်က ထွက်ဆိုသွားခဲ့ပါသေးတယ်။

ဒီနေ့ ထွက်ဆို တဲ့ ဝန်ကြီး ဦးမင်းသူကိုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာ သုံးတယ်ဆိုပြီး စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းထောင် ၃ နှစ်ချထားပါတယ်။

You May Also Like

သတင်း

သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခရှောင်တာနယ်လ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားအကြံပေးဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်ကမှ အင်းစိန်ထောင်ကနေ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပါတယ်။

သတင်း

ထိုပြဇာတ်၌ ဆံထုံးထုံးထားသော အမျိုးသမီးကြီးတစ်ဦးပုံတစ်ပုံဘေးတွင် အမွှေးတိုင်တစ်တိုင်ထွန်းကာ ရက်လည်နေ့မြင်ကွင်းအဖြစ် ပြသထားသည်။

ဗီဒီယို

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ရှောင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးတော့ အဲဒီအချိန်ကစလို့ စစ်အာဏာရှင်တွေရဲ့လက်ထဲမှာ ရှင်လျက်နဲ့ ငရဲကိုစတင်ခံစားခဲ့ရပါတယ်လို့ သူက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခ ရှောင်တာနယ်လ်ကိုဖမ်းဆီးပြီး အင်းစိန်ထောင်နဲ့ နေပြည်တော်ထောင်တွေမှာ ထားခဲ့တာပါ။