Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်ဝင်တိုက်

ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲခန့်က စစ်ကောင်စီတပ် ဘုရားမဲ စစ်ဆေးရေးဂိတ်အား ထားဝယ် – ပကဖ(DGRF)၊ Kawthoolei Army တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်ဝင်တိုက်
ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်ဝင်တိုက်

▪️စစ်ကောင်စီတပ်မှ သုံးဦးသေဟုဆို

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီးရှိ စစ်ကောင်စီတပ်၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို မဟာမိတ်ညီနောင်များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သံမဏိပြောက် ကျားတပ်ဖွဲ့က ပြောသည်။

ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲခန့်က စစ်ကောင်စီတပ် ဘုရားမဲ စစ်ဆေးရေးဂိတ်အား ထားဝယ် – ပကဖ(DGRF)၊ Kawthoolei Army တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ စီးနင်းရန် စီစဥ်ထားသော်လည်း ပစ်ခတ်မှုဧရီယာအတွင်း အပြစ်မဲ့ခရီးသွားပြည်သူများ ထိခိုက်မှုမရှိစေရန် လမ်း၏တစ်ဖက်တစ်ချက်မှ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ထားသည့်တိုင် ပြည်သူတစ်ဦးထွက်လာ၍ သတင်းပေါက်ကြားခဲ့ကြောင်း သံမဏိတပ်ဖွဲ့က ပြောသည်။

“စခန်းဝိုင်းဖို့အနီးကပ်၀င်နေတဲ့အချိန် လူကြီးတစ်‌​ယောက် ရာဘာခြံထဲက‌ ပြေးထွက်သွားလို့ ပေါက်ကြားသွားတာပါ”ဟု သံမဏိတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။

ထို့ကြောင့် စစ်ကောင်စီဂိတ်စခန်းအား ဝင်ရောက်စီးနင်းမည့် မူလအစီအစဥ်အား ဖျက်သိမ်းကာ (၄၀)မမ ဗုံးသီးခြောက်လုံးဖြင့်သာ ဂိတ်အတွင်းသို့ ပစ်ခတ်ခဲ့ရပြီး စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ငါးဦးခိုက်သွားကြောင်း အထက်ပါရဲဘော်က ဆက်ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ကျေးရွာများဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီထုတ်ကုန် အရက်ဘီယာများအပါအဝင် မည်သည့်ပစ္စည်းမျှ သယ်ယူပို့ဆောင်ရောင်းချခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ Brother Defense Force ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။

သတင်း

အင်အား ၂၀ခန့်ဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၃ရက် မွန်းလွဲပိုင်း ၂နာရီခွဲတွင် မင်းတပ်မြို့နှင့် ၅မိုင် ၅ဖာလုံ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

သတင်း

ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ရေစကြိုမြိုနယ်၊ပခန်းကြီးကျေးရွာ အနောက်ဘက်တွင် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက် ခဲ့သည်။