Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေး ဖြေရှင်းနိုင်ရန် အနည်းဆုံး ၅ နှစ်ကြာမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ခန့်မှန်း

ယခုနှစ်ကုန်တွင် ကမ္ဘောဒီးယား၏ အာဆီယံအလှည့်ကျဥက္ကဌတာဝန်ပြီးဆုံးမည်ဖြစ်ပြီး လာမည့် ၂၀၂၃ တွင် အင်ဒိုနီးရှားက အာဆီယံအလှည့်ကျဥက္ကဌတာ၀န်ကို ထမ်းဆောင်မည်ဖြစ်သည်။

(ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်။ ဓါတ်ပုံ-AFP)
(ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်။ ဓါတ်ပုံ-AFP)

မြန်မာ့အရေး ဖြေရှင်းနိုင်ရန် အနည်းဆုံး ၅ နှစ်ကြာမြင့်မည်ဟုကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်ကခန့်မှန်းလိုက်သည်။

(၄၅) ကြိမ်မြောက်အာဆီယံ-အီးယူ မိတ်ဖက်ဆွေးနွေးပွဲတက်ရောက်ရန် ဘယ်လ်ဂျီယံ၊ ဘရပ်စဲလ်သို့ရောက်ရှိနေသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဥရောပရောက် ကမ္ဘောဒီးယားနိုင်ငံသား ၂၀၀၀ ကျော်နှင့် ဒီဇင်ဘာ ၁၂ ရက်တွင် တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်ကိစ္စဖြေရှင်းနိုင်ဖို့က အနည်းဆုံး ၅ နှစ်ကြာမယ်လို့ ကျွန်တော်ခန့်မှန်းတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့နည်းလမ်းကောင်းရှိတယ်လို့ ထင်ရင် သူတို့ သွားရောက်ဖြေရှင်းသင့် တယ်။ ကျွန်တော့်(အာဆီယံအလှည့်ကျဥက္ကဌ)သက်တမ်းကလည်း ကုန်လုပြီမို့ အထူးကိုယ်စားလှယ်လည်း မြန်မာပြည်ကို ပြန်မသွားတော့ပါဘူး” ဟု ဝန်ကြီးချုပ်ဟွန်ဆန်ကပြောသည်။

မြန်မာ့အရေးသည် မကြာမီအချိန်အတွင်း ဖြေရှင်းနိုင်လိမ့်မည် ဆိုသည်ကို ၎င်းအနေဖြင့် သံသယရှိကြောင်းနှင့် အာဆီယံအလှည့်ကျဥက္ကဌ၏ အထူးကိုယ်စားလှယ်တစ်ဦးအနေနှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၏ တတိယအကြိမ်သွားရောက်မည့်ခရီးစဥ်ကို ပယ်ဖျက်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ကမ္ဘောဒီးယား အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူချိန်သည့် ယခုနှစ်တွင် အလွန်ရှုပ်ထွေးခဲ့သော်လည်း တချိန်တည်းတွင် အာဆီယံဥက္ကဌအဖြစ် ယုံကြည်မှု၊ စွမ်းဆောင်ရည်နှင့် တာ၀န်ရှိမှုတို့ကို ပြသကာ စွမ်းဆောင်နိုင်ခဲ့သည့် အရာများစွာရှိကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အာဆီယံ-အမေရိကန်ထိပ်သီးဆွေးနွေးပွဲ သွားကြတုန်းက အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတကို ကျွန်တော်ပြောခဲ့ပါတယ်။ ဒီနှစ် အာဆီယံအလှည့်ကျဥက္ကဌက မီးကျည်းခဲကိုင်ထားရတာနဲ့တူတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် အနည်းငယ်ရယ်မောပြီး ဆက်ပြောပါတယ်။ သိပ်မကြာခင် အဲဒီမီးကျည်းခဲကို အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားဆီ လွှဲပေးတော့မယ်လို့” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောသည်။

ယခုနှစ်ကုန်တွင် ကမ္ဘောဒီးယား၏ အာဆီယံအလှည့်ကျဥက္ကဌတာဝန်ပြီးဆုံးမည်ဖြစ်ပြီး လာမည့် ၂၀၂၃ တွင် အင်ဒိုနီးရှားက အာဆီယံအလှည့်ကျဥက္ကဌတာ၀န်ကို ထမ်းဆောင်မည်ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဥရောပပါလီမန်၏ ဖိတ်ကြားမှုဖြင့် ဘရပ်စဲလ်သို့ သွားရောက်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာ့အရေးဖြေရှင်းရန် အာဆီယံ တူညီဆန္ဒ ၅ ရပ်မှာ အလုပ်မဖြစ်ဘဲ ပိုမိုအားကောင်းသည့် အရေးယူမှုများလုပ်ဆောင်ရန်တိုက်တွန်းပြောကြားခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတဲ့ အိန္ဒိယရဲ့ လုပ်ရပ်ဟာ မြန်မာပြည် ဒီမိုကရေစီပြန်ရဖို့အာဆီယံရဲ့ကြိုးပမ်းချက်အပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးက သတိပေးပါတယ်။

သတင်း

ထောင်ဝင်စာပါဆယ်ပို့ခွင့်ပြုတဲ့ ပမာဏကို ကန့်သတ်လိုက်ပေမယ့် ဆေးဝါးပို့ခွင့်ကိုတော့ စစ်ကောင်စီက ဆက်ခွင့်ပြုထားတယ်လို့သိရပါတယ်။

နိုင်ငံတကာ

အန်ဝါဟာ အရင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ်ရာဇက် လက်ထက်တုန်းက လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်တဲ့ အပြုအမူအတွက် စွပ်စွဲခံရပြီး ထောင်ဒဏ် ကျခံခဲ့ရဖူးပါတယ်။ အန်ဝါကတော့ အဲဒီကိစ္စဟာ နာဂျစ်ဘ်ရဲ့ နိုင်ငံရေး ထိုးနှက်မှုသာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတကာ

အခုအခါမှာ ဟန်ဂေရီ အနွယ်ဝင် ၂ သန်းလောက်ဟာ အိမ်နီးချင်း နိုင်ငံသားတွေ ဖြစ်နေကြပြီး ရိုမေးနီးယားမှာ ၁.၂ သန်းနဲ့ ယူကရိန်းမှာ ၁ သိန်းခွဲလောက် ရှိနေတယ်လို့လည်း သိရပါတယ်။