Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုသိမ် – မုံရွာလမ်း၌ စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကြောင်းအား ပဒေသာမိုင်းခွဲတိုက်ခိုက်

ဖြစ်စဥ်နှင့်ပတ်သက်၍ Brother Defense Force ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။

ပုသိမ် - မုံရွာလမ်း၌ စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကြောင်းအား ပဒေသာမိုင်းခွဲတိုက်ခိုက်
ပုသိမ် - မုံရွာလမ်း၌ စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကြောင်းအား ပဒေသာမိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပုသိမ် – မုံရွာလမ်းပိုင်း၌ စစ်ကောင်စီတပ်၏ယာဥ်တန်းနှင့် ခြေလျင်စစ်ကြောင်းအား ပဒေသာမိုင်းခွဲ တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများကြောင်း Brother Defense Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ၁၂ ရက်က ယင်းမာပင်မြို့နယ်၊ ပုသိမ်-မုံရွာလမ်း၊ ရွှေတောင်ဦးကုန်းမှ မုံရွာ-ပုသိမ်လမ်းအတိုင်း ဆင်းလာသော စစ်ကောင်စီယာဥ် ငါးစီး၊ အင်အားအပြည့်ဖြင့် ဆင်းလာသောခြေလျင်စစ်ကြောင်းတို့အား မုံရွာ-ပုသိမ်လမ်းပိုင်း တစ်နေရာတွင် ပဒေသာမိုင်းဖြင့် လေးနေရာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦး သေဆုံးပြီး ၁၂ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း Brother Defense Force အဖွဲ့ကအသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း(၁၆) တပ်ခွဲ(၁)Brother Defense Force အဖွဲ့နှင့် မဟာမိတ်ညီနောင်များဖြစ်သော Triple Two Task Force၊ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားအဖွဲ့ SRTSအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Brother Defense Force ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။

အဖွဲ့ရေရှည်ရပ်တည်နိူင်ရေးနှင့် စစ်အာဏာရှင်အမြစ်ပျက်ခြေမှုန်းရေးအတွက် လက်နက်ခဲယမ်းဝယ်ယူနိုင်ရေး ပါဝင်ကူညီလှူဒါန်းပေးပါရန် Brother Defense Force က မေတ္တာရပ်ခံထားသည်။

You May Also Like

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၁၃ ရက်)နံနက် ၁၁ နာရီ ၁၅မိနစ်ခန့်က တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းအား ဗုံးသီး ငါးလုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီထုတ်ကုန် အရက်ဘီယာများအပါအဝင် မည်သည့်ပစ္စည်းမျှ သယ်ယူပို့ဆောင်ရောင်းချခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။

သတင်း

ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲခန့်က စစ်ကောင်စီတပ် ဘုရားမဲ စစ်ဆေးရေးဂိတ်အား ထားဝယ် - ပကဖ(DGRF)၊ Kawthoolei Army တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ယမန်နေ့ (ဒီဇင်ဘာ ၁၂ရက်)နှင့် ယနေ့တွင် မြေပြင်တိုက်ပွဲ မရှိသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်မှတ်ရှာခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းရှိသည်ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ယနေ့ညပိုင်း၌ ပြောသည်။