Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်တွင် စစ်ကောင်စီ​ထုတ်ကုန် အရက်ပုလင်းများအား PDF သိမ်းဆည်းဖျက်ဆီး

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီထုတ်ကုန် အရက်ဘီယာများအပါအဝင် မည်သည့်ပစ္စည်းမျှ သယ်ယူပို့ဆောင်ရောင်းချခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။

ဖျက်ဆီးထားသော အရက်ပုလင်းများအား‌ တွေ့ရစဥ်၊ဓာတ်ပုံ-MVRF
ဖျက်ဆီးထားသော အရက်ပုလင်းများအား‌ တွေ့ရစဥ်၊ဓာတ်ပုံ-MVRF

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီပိုင် ကုမ္ဗဏီများ၏ထုတ်ကုန်ဖြစ်သော ပြည်သူများအား အဆိပ်အတောက်ဖြစ်စေနိုင်သည့် အရက်ပုလင်းများအား ဒီဇင်ဘာ ၁၂ ရက်တွင် သိမ်းဆည်းရမိ၍ ဖျက်ဆီးလိုက်ကြောင်း ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်း-MVRFက အသိပေးသည်။

တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ပြည်သူများအဆိပ်အတောက်ဖြစ်စေမည့် မည်သည့်အရာကို မဆို၊ စစ်ကောင်စီပိုင် မည်သည့်ကုန်ပစ္စည်းများကိုမဆို လက်ခံမည်မဟုတ်ဘဲ တင်းကြပ်စွာ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း MVRFက သတိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ MVRF အဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီထုတ်ကုန် အရက်ဘီယာများအပါအဝင် မည်သည့်ပစ္စည်းမျှ သယ်ယူပို့ဆောင်ရောင်းချခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။

You May Also Like

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ Brother Defense Force ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။

သတင်း

ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲခန့်က စစ်ကောင်စီတပ် ဘုရားမဲ စစ်ဆေးရေးဂိတ်အား ထားဝယ် - ပကဖ(DGRF)၊ Kawthoolei Army တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ယမန်နေ့ (ဒီဇင်ဘာ ၁၂ရက်)နှင့် ယနေ့တွင် မြေပြင်တိုက်ပွဲ မရှိသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်မှတ်ရှာခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းရှိသည်ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ယနေ့ညပိုင်း၌ ပြောသည်။

သတင်း

အင်အား ၂၀ခန့်ဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၃ရက် မွန်းလွဲပိုင်း ၂နာရီခွဲတွင် မင်းတပ်မြို့နှင့် ၅မိုင် ၅ဖာလုံ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။