Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို ကရင်နီတပ်များ တိုက်ခိုက်

တိုက်ပွဲမှာ ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) နေ့လယ် ၁နာရီခန့်တွင် လောဘူးဒါးရပ်ကွက်ကို ခြေကုပ်ယူရန် အင်အား ၅၀ခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးလာ‌ခြင်းဟု ဆိုသည်။

KNDF တပ်ရင်း(၄)မှ ရဲဘော်များအား စစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
KNDF တပ်ရင်း(၄)မှ ရဲဘော်များအား စစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ တစ်ဦးသေ၊တစ်ဦးဒဏ်ရာရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း -၄က ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) နေ့လယ် ၁နာရီခန့်တွင် လောဘူးဒါးရပ်ကွက်ကို ခြေကုပ်ယူရန် အင်အား ၅၀ခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးလာ‌ခြင်းဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းကို ကရင်နီတပ်မတော်(KA)နှင့် KNDF တပ်ရင်း(၄)တို့ ပူးပေါင်းကာ ရှောင်တခင်၀င်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ရမ်းသမ်း ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများရှိခဲ့သော်လည်းပူးပေါင်းတပ်ဖက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

“လက်ရှိကာလအခြေအနေက ကရင်နီဒေသအစုံမှာ စကစ စစ်ကြောင်းထိုးနေတာရှိသလို ကျွန်တော်တို့ ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိပါတယ်။ဒီးမော့ဆို -လွိုင်ကော်ကြားက ခြောက်မိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို၊ နန်းမယ်ခုံဘက်မှာလည်း စစ် ကောင်စီက စစ်ကြောင်းထိုးနေဆဲပါပဲ။ဖရူဆိုဘက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းတပ်တွေအနေနဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်နေတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦး သို့ ပြောသည်။

ယခုလ ၉ ရက်ကလည်း ဖရူဆိုမြို့နယ် မားခရော်ရှေ့ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံး ပြီး ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရသည်။

You May Also Like

သတင်း

"ကျွန်တော်တို့ ဒီနေ့တိုက်ခိုက်မှုက တိုက်ပွဲအကြီးကြီး ဖြစ်တာမျိုး မဟုတ်ဘူးဗျ။ စစ်ကြောင်းအလာကိုစောင့်ပြီး ကင်းထောက်ရဲဘော်က ရိုင်ဖယ်စနိုက်ဘာနဲ့ ပစ်ခဲ့တာ"ဟု YRA(ထီးလင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကာင်စီတပ်က ပြန်ဆုတ်ခွာသွားစဥ် အိမ် ၂၉ လုံးကို မီးရှို့သွား​ကြောင်းလည်း PDF(Kalay) မှ ပြန်ကြားရေးတာဝန်ခံက ဆက်​ပြောသည်။

သတင်း

ဒေါက်တာရဲလွင်တို့ကို အမှုထပ်တိုးရာမှာ မန္တလေးစည်ပင်ပိုင် ယာဉ်တွေ GPS တပ်တဲ့ကိစ္စ၊ စီစီတီဗီတပ်ရာမှာ တင်ဒါမခေါ် ဘူးဆိုပြီး အကြောင်းပြထားတယ်လို့စုံစမ်းသိရပါတယ်။

သတင်း

စစ်ကောင်စီတပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခုနှစ်နိုဝင်ဘာလအထိ စုဆောင်းထားသည့် အချက်အလက်များ ဖြစ်ပြီး မသိရသေးသည့်အချက်အလက်များ ကျန်ရှိနိုင်သည်ဟုလည်း ဖော်ပြသည်။