Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြို့တော်ဝန် ဒေါက်တာရဲလွင်အပေါ် ထပ်တိုးထားတဲ့အမှု စစ်ကောင်စီ စတင်စစ်ဆေး

ဒေါက်တာရဲလွင်တို့ကို အမှုထပ်တိုးရာမှာ မန္တလေးစည်ပင်ပိုင် ယာဉ်တွေ GPS တပ်တဲ့ကိစ္စ၊ စီစီတီဗီတပ်ရာမှာ တင်ဒါမခေါ် ဘူးဆိုပြီး အကြောင်းပြထားတယ်လို့စုံစမ်းသိရပါတယ်။

မြို့တော်ဝန် ဒေါက်တာရဲလွင်အပေါ် ထပ်တိုးထားတဲ့အမှု စစ်ကောင်စီ စတင်စစ်ဆေး
မြို့တော်ဝန် ဒေါက်တာရဲလွင်အပေါ် ထပ်တိုးထားတဲ့အမှု စစ်ကောင်စီ စတင်စစ်ဆေး

NLD အစိုးရ မန္တလေး စည်ပင်ဝန်ကြီး ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ ကို လွတ်ရက်စေ့ပေမယ့်ပြန်မလွှတ်ဘဲ ထပ်တိုးစွဲထားတဲ့ အမှုတွေအတွက်စစ်ကောင်စီက အိုးဘိုထောင်တွင်းတရားရုံးမှာ စစ်ဆေးမှုတွေ စတင်လုပ်နေပါတယ်။

ဆူပူအောင်လှုံဆော်မှုနဲ့အာဏာသိမ်းပြီးနောက် ဖမ်းဆီးကာ ထောင် ၂ နှစ်စီချထားတဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက လွတ်ရက်စေ့ခဲ့တာပါ။

ဒါပေမယ့်စစ်ကောင်စီက ပြန်မလွတ်ဘဲ နိုင်ငံပိုင်ပစ္စည်းအလွဲသုံးမှု ရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ထပ်တိုးတရားစွဲတာကို လုပ်ခဲ့ပါတယ်။

အဲဒီပုဒ်မ ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်တသက်အထိ ချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

ဒီလို ထပ်တိုးတရားစွဲထားတဲ့ အမှုအတွက် စစ်ကောင်စီရဲ့ သက်သေတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက အိုးဘိုထောင်တွင်း စစ်ကောင်စီတရားရုံးမှာ စတင်စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒေါက်တာရဲလွင်တို့ကို အမှုထပ်တိုးရာမှာ မန္တလေးစည်ပင်ပိုင် ယာဉ်တွေ GPS တပ်တဲ့ကိစ္စ၊ စီစီတီဗီတပ်ရာမှာ တင်ဒါမခေါ် ဘူးဆိုပြီး အကြောင်းပြထားတယ်လို့စုံစမ်းသိရပါတယ်။

ဒါပေမယ့် အဲဒီကိစ္စတွေအဂတိမမြောက်တဲ့အတွက် အဂတိတိုက်ဖျက်ရေးကော်မရှင်က ပယ်ချထားခဲ့တာလို့သိရပါတယ်။

You May Also Like

သတင်း

"ကျွန်တော်တို့ ဒီနေ့တိုက်ခိုက်မှုက တိုက်ပွဲအကြီးကြီး ဖြစ်တာမျိုး မဟုတ်ဘူးဗျ။ စစ်ကြောင်းအလာကိုစောင့်ပြီး ကင်းထောက်ရဲဘော်က ရိုင်ဖယ်စနိုက်ဘာနဲ့ ပစ်ခဲ့တာ"ဟု YRA(ထီးလင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကာင်စီတပ်က ပြန်ဆုတ်ခွာသွားစဥ် အိမ် ၂၉ လုံးကို မီးရှို့သွား​ကြောင်းလည်း PDF(Kalay) မှ ပြန်ကြားရေးတာဝန်ခံက ဆက်​ပြောသည်။

သတင်း

စစ်ကောင်စီတပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခုနှစ်နိုဝင်ဘာလအထိ စုဆောင်းထားသည့် အချက်အလက်များ ဖြစ်ပြီး မသိရသေးသည့်အချက်အလက်များ ကျန်ရှိနိုင်သည်ဟုလည်း ဖော်ပြသည်။

သတင်း

တိုက်ပွဲမှာ ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) နေ့လယ် ၁နာရီခန့်တွင် လောဘူးဒါးရပ်ကွက်ကို ခြေကုပ်ယူရန် အင်အား ၅၀ခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးလာ‌ခြင်းဟု ဆိုသည်။