Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အ‌ရှေ့ဒဂုံတွင် ကင်းလှည့်နေသော စစ်ကောင်စီယာဥ်ကို မိုင်းဆွဲတိုက်ခိုက်

ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုသည် အရှေ့ဒဂုံ မြို့နယ်အပြင် မြောက်ဒဂုံနှင့် မြောက်ဥက္ကလာပမြို့ နယ်များအထိ ကြားသိရကြောင်း ဒေသခံများက ပြောသည်။

(ရန်ကုန်မြို့တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီတပ်သားများနှင့် ယာဥ်တစ်စီး၊ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့တစ်နေရာတွင် တွေ့ရသော စစ်ကောင်စီတပ်သားများနှင့် ယာဥ်တစ်စီး၊ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၌ ကင်းလှည့်နေသည့် စစ်ကောင်စီယာဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Yangon UG Association (YUA)၏ တာဝန်ခံ ဆရာကျောင်းက ပြောသည်။

“ရဲဘော်တွေက ပတ်ကင်းကားတွေကို ခဏခဏစောင့်ကြည့်တယ်။ ပုံမှန်ဒီအချိန် ဒီလမ်းက လာတာဆိုတော့ ကြိုစောင့်ပြီးခွဲလိုက်တာ”ဟု ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ ၎င်းကပြောသည်။

ဒီဇင်ဘာ ၁၄ ရက် ည ၉နာရီခွဲခန့်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ်(၂)လမ်းမကြီး နှင့် ကျန်စစ်သားလမ်းဆုံ မီးပွိုင့်အနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး YUAအဖွဲ့ဝင် Generation Z Defense Force & Supply Army (GZDF)က လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

“ထိခိုက်မှုကတော့ စစ်သားနှစ်ယောက်ထိသွားတယ်။ သူတို့နှစ်ယောက်ကို တုံးလုံးလှဲပြီး အဲဒီ့ကားနဲ့ပဲ ခေါ်သွားတယ်။ အစမှန်တာလို့ ယူဆရပါတယ်”ဟု ဆရာကျောင်းက ပြောသည်။

ယင်းစစ်ဆင်ရေးကို အသက်လျော်ကြေး စစ်ဆင်ရေးအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။

ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုသည် အရှေ့ဒဂုံ မြို့နယ်အပြင် မြောက်ဒဂုံနှင့် မြောက်ဥက္ကလာပမြို့ နယ်များအထိ ကြားသိရကြောင်း ဒေသခံများက ပြောသည်။

“ည ၉နာရီလောက်မှာ ပေါက်တာ။အသံနဲ့ တုန်ခါမှုရယ်တင်နှစ်လုံးစလုံးက ပြင်းအား တော်တော်များတယ်”ဟု မြောက်ဒဂုံမြို့ခံတစ်ဦးက ရှင်းပြသည်။

YUAအနေဖြင့် အသက်လျော်ကြေးစစ်ဆင်ရေးကို ဒီဇင်ဘာ ၈ရက်က အမှတ်(၃)လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၍ စတင်ခဲ့ခြင်းဖြစ်ပြီး မတရားသဖြင့် သေဒဏ်ချမှတ်ခံရသည့် ရဟန်းရှင်လူများနှင့် ကျောင်းသားများအတွက် ရည်ရွယ်လက်စားချေသည့် အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများ ၊ ရုံးများ ၊ အထိုင်ကင်း ၊လှည့်ကင်းများနှင့်ဝေးရာ၌ နေပေးရန် YUGက တောင်းဆိုထားသည်။

You May Also Like

သတင်း

တာ၀န်ခံမှုရှိရေးအဖွဲ့(Accountability Project)တာ၀န်ရှိသူ Damian Lilly ကလည်း ကုလသမဂ္ဂအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အား ကုလသမဂ္ဂ၏အဖွဲ့အစည်းအားလုံးတွင် ကိုယ်စားပြုခွင့်ပေးရန် တိုက်တွန်းသည်။

သတင်း

စစ်ကောင်စီတပ်၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာပါက ခုခံကာကွယ်ရန်အပါအဝင် စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်းလည်း ဗိုလ်ချုပ်ကြီးဂွန်မော်က ပြောသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်ခံရသော ရထားသည် ခရီးသည်တင်ရထားတွဲများပါဝင်ခြင်းမရှိဘဲ ကုန်ပစ္စည်းအချို့နှင့် စစ်တပ်၏ လက်နက်ခဲယမ်းများတက်ဆောင်လာသည့် ရထားခရီးစဥ်တစ်ခုလည်းဖြစ်သည်။

သတင်း

ဒီဇင်ဘာ ၁၃ရက်တွင် စစ်ကောင်စီတပ်သားများသည် ဖမ်းဆီးထားသော ရဲဘော်လေးဦးအား ဓားစာခံအနေဖြင့်ခေါ်လာကာ ကျန်ရှိသောရဲဘော်များအား ဆိုင်ကယ် ၁၂စီးဖြင့် လာရောက်ဖမ်းဆီးခဲ့သည်။