Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလသမဂ္ဂထိုင်ခုံအတွက်စစ်​ကောင်စီထပ်မံပိတ်ပင်ခံရ

တာ၀န်ခံမှုရှိရေးအဖွဲ့(Accountability Project)တာ၀န်ရှိသူ Damian Lilly ကလည်း ကုလသမဂ္ဂအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အား ကုလသမဂ္ဂ၏အဖွဲ့အစည်းအားလုံးတွင် ကိုယ်စားပြုခွင့်ပေးရန် တိုက်တွန်းသည်။

(အဆိုပါဆုံးဖြတ်ချက်​ကြောင့် ဦးကျော်မိုးထွန်းက မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်တာ၀န်ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်)
(အဆိုပါဆုံးဖြတ်ချက်​ကြောင့် ဦးကျော်မိုးထွန်းက မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်တာ၀န်ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်)

ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီသည် ကုလသမဂ္ဂ၌ မြန်မာနိုင်ငံကိုယ်စားပြုနေရာအတွက် စစ်ကောင်စီကို ထပ်မံပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အတွင်းသိသံတမန်နှစ်ဦးကယမန်နေ့(ဗုဒ္ဓဟူး)တွင်ပြောသည်။

အထွေထွေညီလာခံ၏ Credentials committee သည် ပြီးခဲ့သည့် တနလ်ာနေ့တွင် တွေ့ဆုံခဲ့ကြပြီးမြန်မာစစ်ကောင်စီ၏အဆိုပြုချက်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း အမည်မဖော်လိုသည့်သံတမန်များကပြောသည်။ သံတမန်များသည် ယခုသီတင်းပတ်နှောင်းပိုင်းတွင်ယင်းအကြောင်း

အရာကို တရားဝင်ကြေညာမှု မပြုမီ အမည်ဖော်ကာ မပြောလိုခြင်း ဖြစ်သည်။

ဆုံးဖြတ်ချက်အဓိပ္ပာယ်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖယ်ရှားချိန်တွင် ကုလသမဂ္ဂ၌ မြန်မာသံအမတ်ကြီးအဖြစ်ရှိခဲ့သူ ဦးကျော်မိုးထွန်းက သံအမတ်ကြီးအဖြစ် ဆက်လက်တာ၀န်ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။

ယမန်နှစ် ဒီဇင်ဘာတွင် မြန်မာစစ်တပ်အုပ်ချုပ်သူများက ယခင်အစိုးရနှင့်စစ်ကောင်စီကိုဆန့်ကျင်သည့်အတိုက်အခံအမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံသူသံအမတ်ကြီး ဦးကျော်မိုးထွန်းကို နေရာမှဖယ်ရှားရန် ကြိုးပမ်းမှုတွင် ကျဆုံးခဲ့ရပြီးဖြစ်သည်။

လန်ဒန်မြို့အခြေစိုက် မြန်မာတာ၀န်ခံမှုရှိရေးအဖွဲ့(Myanmar Accountability Project)ဒါရိုက်တာခရစ်ဂန်းနက်စ်( Chris Gunness )က အရည်အချင်းစစ်ကော်မတီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး တရားမဝင်အာဏာသိမ်းခေါင်းဆောင်များက နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေချိန်တွင် ယခုဆုံးဖြတ်ချက်မှာ ကြီးမားသည့်သံတမန်ရေးစွမ်းဆောင်မှုနှင့် အလွန်အရေးပါသည့်ခြေလှမ်း ဖြစ်ကြောင်း ပြောသည်။

“ကမ္ဘောဒီးယားမှာပို​ပေါ့ရဲ့ခမာနီရက်စက်ကြမ်းကြုတ်မှုနောက်ပိုင်း အရှေ့တောင်အာရှမှာ မဖြစ်ဖူးတဲ့အတိုင်းအတာနဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ရက်စက်မှုတွေ ကျူးလွန်ခဲ့ပါတယ်” ဟုဂန်းနက်စ်ကထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တာ၀န်ခံမှုရှိရေးအဖွဲ့(Accountability Project)တာ၀န်ရှိသူ Damian Lilly ကလည်း ကုလသမဂ္ဂအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အား ကုလသမဂ္ဂ၏အဖွဲ့အစည်းအားလုံးတွင် ကိုယ်စားပြုခွင့်ပေးရန် တိုက်တွန်းသည်။

“လက်ရှိမှာ ဆိုးရွားတဲ့ ရှေ့နောက်မညီညွတ်တာတွေရှိနေတယ်” ဟု Damian Lilly က ပြောသည်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသည့် အထွေထွေညီလာခံ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းရှိသော်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ လစ်လပ်နေမှုကို Lilly က ထောက်ပြခြင်းဖြစ်သည်။

(ကိုးကား- The Washington Post)

You May Also Like

သတင်း

ဘီယာဆိုင်ကိုဝိုင်းလိုက်ပြီး ဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို ရိုက်နှက်ဖမ်းဆီးသလိုလူငယ်တွေ စီးလာတဲ့ ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းသွားတယ်လို့သိရပါတယ်။

သတင်း

KNU တပ်မဟာ(၁)နယ်မြေ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ တောက်လျှောက်လုပ်ဆောင်လျက်ရှိရာ ယနေ့(ဒီဇင်ဘာ ၁၅ရက်) နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု KNLA တပ်မှူးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာပါက ခုခံကာကွယ်ရန်အပါအဝင် စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်းလည်း ဗိုလ်ချုပ်ကြီးဂွန်မော်က ပြောသည်။

သတင်း

ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုသည် အရှေ့ဒဂုံ မြို့နယ်အပြင် မြောက်ဒဂုံနှင့် မြောက်ဥက္ကလာပမြို့ နယ်များအထိ ကြားသိရကြောင်း ဒေသခံများက ပြောသည်။