Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး မြောက်ပြင်ရပ် ဘီယာဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို စစ်ကောင်စီတပ်ဝင်ဖမ်း

ဘီယာဆိုင်ကိုဝိုင်းလိုက်ပြီး ဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို ရိုက်နှက်ဖမ်းဆီးသလိုလူငယ်တွေ စီးလာတဲ့ ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းသွားတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးစဉ်(ပုံဟောင်း)
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးစဉ်(ပုံဟောင်း)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၊မြောက်ပြင်ရပ် ဘီယာဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို မနေ့က ဒီဇင်ဘာလ ၁၄ရက် မှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မြောက်ပြင်ရပ် ၇၇ လမ်း ၊၁၀ လမ်းနဲ့ ၁၁ လမ်းကြားမှာရှိတဲ့ မန်းရွှေရည် ဘီယာဆိုင်ကို မနေ့က မနက်ပိုင်း ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်ဟာအိမ်စီးကားတွေနဲ့ ရောက်ပါတယ်။

ဘီယာဆိုင်ကိုဝိုင်းလိုက်ပြီး ဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို ရိုက်နှက်ဖမ်းဆီးသလိုလူငယ်တွေ စီးလာတဲ့ ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းသွားတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးလာတဲ့အိမ်စီးကားပေါ်မှာ လည်း ရိုက်နှက်ခံထားရလို့လဲကျနေတဲ့ လူ ၁ ဦး ပါလာတာကိုကြားသိရတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ဒေသခံအချို့ကတော့ စစ်ကောင်စီတပ်ဟာ အဲဒီလဲကျနေတဲ့လူ ကို ဖမ်းဆီးရိုက်နှက်ပြီး လမ်းပြ ခိုင်းတာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

မနေ့ကဖမ်းဆီးလိုက်တဲ့ လူငယ် ၅ ဦးဟာ PDF တွေဖြစ်တယ်လို့စစ်ကောင်စီလော်ဘီ လူမှုကွန်ရက်တွေမှာတော့ သတင်းဖြန့်နေကြတာတွေ့ရပါတယ်။

You May Also Like

သတင်း

"ဦးဘိုးသိန်းကလူထုတော်လှန်ရေးအတွက်အန္တရာယ်ဗျ။စစ်ကောင်စီနဲ့ တွဲပြီး မြို့မှာ စီးပွားရေးသောင်းကျန်းနေတဲ့သူ" ဟု မောက်လိုက်မြို့ခံတစ်ဦးက ​ပြောသည်။

သတင်း

KNU တပ်မဟာ(၁)နယ်မြေ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ တောက်လျှောက်လုပ်ဆောင်လျက်ရှိရာ ယနေ့(ဒီဇင်ဘာ ၁၅ရက်) နံနက်အစောပိုင်း၌ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု KNLA တပ်မှူးက ပြောသည်။

သတင်း

ကောလင်းမြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ယူပို့ဆောင် ရောင်းချခြင်းများအား ကောလင်း(ပအဖ)အဖွဲ့က တင်းကြပ်စွာသတိပေးထားသည်။

သတင်း

တာ၀န်ခံမှုရှိရေးအဖွဲ့(Accountability Project)တာ၀န်ရှိသူ Damian Lilly ကလည်း ကုလသမဂ္ဂအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အား ကုလသမဂ္ဂ၏အဖွဲ့အစည်းအားလုံးတွင် ကိုယ်စားပြုခွင့်ပေးရန် တိုက်တွန်းသည်။