သတင်း
ယခုဖမ်းမိသူ ခြောက်ဦးကို KIAနှင့်KPDF ပူးပေါင်းအဖွဲ့က စစ်ဆေးနေပြီး မကြာမီသတင်းထုတ်ပြန်မည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။
Hi, what are you looking for?
ယခုဖမ်းမိသူ ခြောက်ဦးကို KIAနှင့်KPDF ပူးပေါင်းအဖွဲ့က စစ်ဆေးနေပြီး မကြာမီသတင်းထုတ်ပြန်မည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။
KNDFတပ်ရင်း ၃ သည် စစ်တပ်ထုတ်ကုန်များရောင်းဝယ်ဖောက်ကားခြင်းမပြုရန် အသိပေးချက်ထုတ်ပြန်ထားပြီးလည်းဖြစ်သည်။ ယခုလို အရေးယူမှုသည် ပြည်သူတစ်ဦးတစ်ယောက်၏ စီးပွားရေးကို ဖျက်ဆီးခြင်းမဟုတ်ကြောင်းလည်းဆိုထားသည်။
"တကယ့်စစ်မှန်တဲ့ PDF အဖွဲ့အစည်းတွေတိုင်းက ပြည်သူကို ဘယ်တော့မှ ခြိမ်းခြောက်မှ မဟုတ်ဘူးဆိုတာ သိတယ်။ဒါက PDFဆိုတဲ့ ပုံရိပ်ကို ဖျက်ဆီးချင်နေတာနဲ့ အတူတူပဲ။သွေးကွဲ အောင်လုပ်တာလို့ပဲ မြင်တယ်"ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။
ညီနောင်မဟာမိတ်များ နှင့် ပြည်သူများအနေဖြင့် မိမိအနီးပတ်ဝန်းကျင်တွင် ရောက်ရှိနေသည့် မျက်နှာစိမ်းများကို သေချာစောင့်ကြည့်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့များကို သတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင်ပေးဖို့လည်း CDSOM မှထပ်မံနှိုးဆော်သည်။